တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၀င်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှု ထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့်အစားခန့် ၀န်ထမ်းများ၏ သား/သမီးကျောင်းသား၊ ကျောင်းသူများနှင့်ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါ၀င်သည့်မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက်ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်ရာ အဆိုပါလေ့လာရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာကြသည်။ အဆိုပါ ထူးချွန်လူငယ်များပါ၀င်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ်နှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာ၀န်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ၏မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်း နှီးနှီးလိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။ အဆိုပါ ထူးချွန်လူငယ်များပါ၀င်သည့် လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစု၀င်သား၊…