ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် အား ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့်   တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် ညစာ စားပွဲကျင်းပမည့်နေရာသို့ ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်   ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့သည် နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ဂုဏ်ပြုညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းနိုင်ငံ ယဉ်ကျေးမှုအဖွဲ့များက နှစ်နိုင်ငံ တေးသီချင်းများ၊ အကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတနှင့်  ထိုင်းနိုင်ငံဝန်ကြီးချုပ် တို့သည် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းစည်းပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

You May Also Like

ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်  “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” သို့ တက်ရောက်မိန့်ခွန်းပြောကြား

ခေါင်းကြီးပိုင်းသတင်းပြည်တွင်းသတင်း

Aug 07, 2026

ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ခေါင်းကြီးပိုင်းသတင်းပြည်တွင်းသတင်း

Aug 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိ

ခေါင်းကြီးပိုင်းသတင်းပြည်တွင်းသတင်း

Aug 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်

ခေါင်းကြီးပိုင်းသတင်းပြည်တွင်းသတင်း

Aug 06, 2026

သတင်းရှာဖွေရန်

Search

Popular News

01

PDF အမည်ခံအဖွဲ့များ ဥပဒေဘောင်အတွင်းခိုလှုံဝင်ရောက်ရန် ဖိတ်ခေါ်နှိုးဆော်တိုက်တွန်း

02

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနား တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်

03

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဖွင့်ပွဲများအားတိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

04

အာကာသပြတိုက်(ရန်ကုန်)ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေး အာကာသနည်းပညာများ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာစေရေး ရည

05

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြု သည့် အဆောက်အအုံ၇ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် အဆောက် အအုံ ၁၃  လုံး ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်

06

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကျင်းပ

07

အသက်ရှူနိုင်တဲ့ အဆုတ်တုချစ်ပြားကို သိပ္ပံပညာရှင်များတီထွင်

http://192.168.10.60/cadets
http://192.168.10.60/non_cadets

Recent News

ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်  “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” သို့ တက်ရောက်မိန့်ခွန်းပြောကြား

Aug 07, 2026

ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Aug 07, 2026

ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

Aug 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိ

Aug 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်

Aug 06, 2026

Joint Statement by the President of Republic of the Union of Myanmar and the Prime Minister of the Kingdom of Thailand on the occasion of Official Visit of the President of the Republic of the Union of Myanmar to the Kingdom of Thailand

Aug 06, 2026

အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းမှဂူမာရေးအား စတာလင်ပေါင် သန်း ၈၀ ဖြင့် ခေါ်ယူရန်သဘောတူညီမှုရရှိ

Aug 06, 2026

www.myawady.net.mm

ပုံနှိပ်ခြင်း/ ထုတ်ဝေခြင်းအမှတ် – ၀၀၃၇၈/၀၀၄၉၄
စတင်ထုတ်ဝေသည့်ရက် – ၂၀၁၁ ခုနှစ် ဧပြီလ ၁ရက်
E-mail : mwddailynewspapergroup@gmail.com
website- www.myawady.net.mm

  • စာတည်းမှူးချုပ်                     – ဦးမျိုးဝင်းရှိန်
  • စာတည်းမှူး(မြန်မာ)               – ဦးရာအောင်
  • စာတည်းမှူး(အင်္ဂလိပ်)            – ဦးရဲမင်းအောင်
  • စာတည်း(ကျွမ်းကျင်)အင်္ဂလိပ်  – ဦးတင်မောင်သန်း
  • စာတည်းအဖွဲ့(မြန်မာ)           – ဦးနေမင်းဦး၊ ဦးထွန်းထွန်းနိုင် ၊ 
                                                ဒေါ်နီလာအောင် ၊ ဒေါ်ဖြူဖြူအောင်
  • စာတည်းအဖွဲ့(အင်္ဂလိပ်)         – ဦးထက်မြတ်၊ ဒေါ်သီရိမွန်
  • သတင်းအဖွဲ့ (နေပြည်တော်)   – ဦးဇော်မင်းပိုင် ၊ ဒေါ်ခိုင်းဝါဝါကျော်
  • သတင်းအဖွဲ့( ရန်ကုန် )         – ဦးစံမင်းသူ

နေပြည်တော်
စာတည်းအဖွဲ့ ၀၃၁-၇၃၉၉၈ ၊ ဖက်စ် ၀၃၁-၇၃၉၉၉/၀၃၂-၃၀၆၂၆
ဖြန့်ချိရေး/ကြော်ငြာ ၀၃၁-၇၄၀၀၆၊ ၀၃၁-၇၄၀၀၈
ဘုရင့်နောင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်။

ရန်ကုန်(ရုံးခွဲ)
စာတည်းအဖွဲ့ ၀၃၁-၇၄၀၂၁၊ ဖြန့်ချိရေး ၀၁၈-၄၀၀၆၉၇
ကြော်ငြာ ၀၃၁-၇၄၀၂၂၊ အမှတ် (၁၅)၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

မန္တလေး(ရုံးခွဲ)
တာဝန်ခံ ၀၉-၆၈၈၈၈၃၅၅၈
၈၄ လမ်း၊ ၂၉* ၃၀ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ကျိုင်းတုံ(ရုံးခွဲ)
တာဝန်ခံ ၀၉-၂၅၀၅၅၆၆၃၈၊ ၀၃၄-၇၃၆၀၁
လွိုင်မွေလမ်း၊ အမှတ်(၂)ရပ်ကွက်၊ ကျိုင်းတုံမြို့။

Copyright © Myawady Webportal 2020-2026

Leave a Reply

Your email address will not be published. Required fields are marked *