မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲများဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက် ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြိုနယ်၊ ကုန်းယောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများကိုအွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြု သည့် လုပ်ငန်းပစ္စည်းများအတူ ဖမ်းဆီးရမိခဲ့သည်။
–
လုံခြုံရေးပူးပေါင်းအဖွဲများက နမ့်စန်မြိုနယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ နံနက်ပိုင်း ၀၉၀၀ နာရီခန့်တွင် နမ့်စန်မြိုနယ်၊ ကုန်းယောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့် ခမ(LD-၅၈၃ ၀၃၀)သိုအရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမ ဝင်တရုတ်နိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၂၆ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ကျား ၃၅ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၅၀ ဦး အားလည်ကောင်း၊ အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်ရုံ(သက်ကယ်မိုး/အုတ်ကာ) ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အလုပ်သမားတန်းလျား(ပျဉ်ကာ) ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ လူနေဆောင်(သွပ်မိုး/အုတ်ကာ) ၂ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ စားချက်ဆောင် ၁ လုံး၊ Star Link (စီစစ်ဆဲ) ၂၀ စုံ၊ Laptop (စီစစ်ဆဲ) ၂၅ လုံး၊ ALL In One Computer (စီစစ်ဆဲ) ၂၀ လုံး၊ ဖုန်းမျိုးစုံ(စီစစ်ဆဲ) ၂၁၇ လုံး၊ PC ပုံး ၉ လုံး၊ Printer ၂ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ Freezer ၁ လုံး၊ ထိုင်ခုံမျိုးစုံ ၅၀ လုံး၊ မီးစက် (အကြီး) ၁ လုံး၊ အလျား ၃ ပေ၊ အနံ ၆ ပေ စားပွဲ ၁၅ လုံး၊ ပန်ကာ ၄ လုံးတိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။




–
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့ သည့် တရားမဝင်ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
–
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီး ချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲအစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
