ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခါးပိုက်နှိက်မှု ၂၀၆ မှုနှင့် ဆက်စပ်သည့် အမျိုးသား ၁၆၅ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထံမှ သက်သေခံပစ္စည်းအဖြစ် လက်ကိုင်ဖုန်း ၂၃၅ လုံးနှင့် ငွေကျပ် ၆၈၈၅၇၀၀ သိမ်းဆည်းရမိခဲ့သည်။
ခါးပိုက်နှိက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် YBS ယာဉ်လိုင်းများတွင် အသွင်ယူစောင့်ကြည့်ခြင်း၊ လှည့်ကင်း၊ ဝပ်ကင်းနှင့် ရပ်ကင်းများဖြင့် စောင့်ကြည့်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






