ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် ယနေ့အထိလေးမျက်နှာမြို့ပေါ် ရပ်ကွက်(၅)ခု၊ မြို့တွင်းလမ်းမကြီးများနှင့်ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတ မြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ ရွာနှင့်ကျုံပျော်မြို့နယ် ၂ ရွာ ၊ စုစုပေါင်း ၁၀၆ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိသည်။





အဆိုပါ ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅)ခု ၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၇၂ ရွာ၊ဟင်္သာတမြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ ရွာ နှင့်ကျုံပျော်မြို့နယ် ၂ ရွာ ၊ စုစုပေါင်း ၁၀၆ ရွာရှိ လူနေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို လေးမျက်နှာမြို့နယ်တွင် ၁၃ ခု၊ ဟင်္သာတ မြို့နယ်တွင် ၃ ခု ၊ ရေကြည်မြို့နယ်တွင် ၅ ခုနှင့် ကျုံပျော်မြို့တွင် ၁ ခုဖွင့်လှစ်ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ပစ္စည်းများအားဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ ၊စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေတိုက်စားပြိုကျမှုမှကာကွယ်ရန် တာခြေထောက်ခြင်းအဖြစ် ကမ်းထိန်းအိတ်များချခြင်း၊ ရေရှိန်တားပြုလုပ်ခြင်း၊ ရေကာတာတာဘောင်မြေဖို့ခြင်းလုပ်ငန်း များဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
