တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ 

Moe Zaw Oo

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်နှင့်အတူ ဒုတိယအတွင်းရေးမှူးချုပ်၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ်နှင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများတက် ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် (၉)ကြိမ်မြောက် ထိုင်း-မြန်မာတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ (9th High Level Committee -9th HLC) အစည်းအဝေးကို ထိုင်းနိုင်ငံတွင် အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ပါတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိရောက်စွာ တားဆီးနှိမ်နှင်းနေမှုအခြေအနေများ၊ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူများ ၏၉၉ ရာခိုင်နှုန်းကျော်သည် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများဖြစ်၍ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ကာ တားဆီးဆောင်ရွက်သွားမည့်အခြေအနေများ၊ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင်ရောင်း  ဝယ်ဖောက်ကားမှု တားဆီး ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များ နှစ်နိုင်ငံနယ်စပ်ဒေသနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာအပြည့်အဝပူးပေါင်း ဆောင်ရွက်သွား မည့်အခြေအနေများ၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အပြန်အလှန် ပေးပို့ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက် လက် ဆောင်ရွက်သွားမည့် အခြေအနေများပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေး ကောင်စီအတွင်းရေးမှူးချုပ်တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *