စက်တင်ဘာလ ၂၄ ရက်နေ့နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)နှင့် ဂိုလ်ပါပူမြို့(Gopalpur) တို့အကြား ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam) ၏ အနောက်တောင်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို့ ဆက်လက်ဖြတ်ကျော်လျက်ရှိကာ တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရသည်။
အားကောင်းသောမုန်တိုင်းငယ် တဖြည်းဖြည်းအားလျော့သွားမည်ဟုခန့်မှန်း
