တွန်းဇံမြို့၌ MPT ဖုန်းလိုင်းများအပြည့်အဝအသုံးပြုနိုင်ပြီဖြစ်

ချင်းပြည်နယ်၊ တွန်းဇံမြို့အား တပ်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံများ၏ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုပြန်လည်ကောင်းမွန်ရေးနှင့် သတင်းအချက်အလက်စီးဆင်းမှုမပြတ်တောက်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)ကလည်း ဆက်သွယ်ရေးကွန် ရက်များပြန်လည်ရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

MPT ဖုန်းလိုင်းများပြန်လည်ရရှိရေးအတွက် စက်ပစ္စည်းများတပ်ဆင်တည်ဆောက်ခြင်းကိုဆောင်ရွက်ခဲ့ကြသဖြင့် တွန်းဇံမြို့တွင် စက်တင်ဘာ ၂၃ ရက်မှစ၍ MPT ဖုန်းလိုင်းများ အပြည့်အဝပြန်လည်အသုံးပြုဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *