ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ   ဦးမင်းအောင်လှိုင်ထံ  တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြို့အခြေစိုက်  ကိုရီးယားဒီမို  ကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Jong Ho Bom ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ နှင့်တာဝန်ရှိသူတို့  တက်ရောက်ကြပြီး ရန်ကုန်မြို့အခြေစိုက်    ကိုရီးယားဒီမိုကရက်တစ်  ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လျက်ရှိမှုနှင့် သံတမန်ဆက်ဆံမှုများ   ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ကိုရီးယားနိုင်ငံ၏ လက်ရှိဖွံ့ဖြိုး တိုးတက်မှုနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံအနေဖြင့်  နိုင်ငံတကာဆက်ဆံရေးနှင့်  ပတ်သက်၍ မူဝါဒများချမှတ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ရန်ကုန်မြို့အခြေစိုက် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။     

Leave a Reply

Your email address will not be published. Required fields are marked *