တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

Moe Zaw Oo

ပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့်  ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၃)စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင်တန်းကာလတစ်လျှောက်စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက်ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစား အားထုတ်မှုများအပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

          ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်  သင်တန်းကျောင်းစားရိပ်သာ၌ ဗိုလ်လောင်းများ၊ ခြေလျင်တပ်ခွဲမှူး (အမျိုးသမီး) သင်တန်းမှ သင်တန်းသူများနှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)

Leave a Reply

Your email address will not be published. Required fields are marked *