စက်သုံးဆီစျေး တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၇၀၀ ကျော် မြင့်တက်

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြောင့် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အပြောင်းအလဲဖြစ်ကာ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၇၀၀ ကျော် မြင့်တက်လာသည်။

(92)တစ်လီတာလျှင် မတ်လ ၁၃ ရက်က ကျပ် ၂၈၃၀ရှိခဲ့ရာက မတ် ၂၀ ရက်တွင် ၃၆၁၀ ကျပ်ဖြစ်သွားသည်။

ထိုအတူ (95) တစ်လီတာလျှင် မတ် ၁၃ ရက်က ကျပ် ၂၉၃၀ ရှိခဲ့ရာက မတ် ၂၀ ရက်တွင် တစ်လီတာလျှင် ကျပ် ၃၈၅၀ ကျပ် ဖြစ်သွားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတိုဖြင့် ပူးပေါင်းဆောင်ရွက်ကာ စက်သုံးဆီစျေးနှုန်းကို တည်ငြိမ်အောင် ဆောင်ရွက်လျက်ရှိနေသည်ဟု မတ်၁၄ က ထုတ်ပြန်ထားသည်။

လတ်တလောတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြိုတို၌ မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးနေသည်။

ထိုသိုရောင်းချရာတွင် ကားလိုင်စင် သက်သေခံကတ်ပြား ဝှီးတက်ပေါ်က QR code ကို Scan ဖတ်ပြီးမှသာ ဆီဖြည့်ရာတွင် အခက်အခဲအချိုရှိနေဆဲ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *