မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် မိုင်းခတ်တပ်နယ်ရှိ နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက်  တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏    တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                   

Leave a Reply

Your email address will not be published. Required fields are marked *