ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာ

အဓိကက ယုံကြည်ကိုးစားမှု မဆုံးရှုံးဖို့၊ မပျောက်ဆုံးဖို့ လိုအပ်ပါတယ်။ ယုံကြည်မှုက ကမ္ဘာမှာ ဈေးအကြီးဆုံးအရာပါ။ ငွေပေးပြီး ဝယ်ယူလို့ မရပါဘူး။ အချိန်ပေးပြီး ပြန်တည်ဆောက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့်….

စစ်သည်တွေရဲ့ မိမိတပ်အပေါ်ယုံကြည်မှု၊ စစ်သည်တွေရဲ့ မိမိခေါင်းဆောင်အပေါ်ယုံကြည်မှု၊ မှီခိုရဲမေမိသားစုများ၏ မိမိတပ်အပေါ်ယုံကြည်မှု၊ အကြမ်းဖက်မှုကို ခံစားနေရတဲ့ ဒေသခံပြည်သူလူထု၏ တပ်အပေါ်ယုံကြည်ကိုးစားမှု။

ဒါတွေကို မပျောက်အောင် ယုံကြည်ကိုးစားမှုရှိအောင် လုပ်ဖို့ လိုပါတယ်။

စစ်သားတိုင်းရဲ့ ဖြစ်ချင်တဲ့အရာက ရန်သူကို ထိထိရောက်ရောက်ချေမှုန်းခြင်းဖြင့် ရန်သူတွေအထိနာပြီး စစ်ကို နိုင်ဖို့ပါပဲ။

ဒါကြောင့် ယုံကြည်မှုတွေ မပျောက်ဆုံးဖို့လိုအပ်ပါတယ်။ ယုံကြည်မှုရှိအောင် ယုံကြည်ကိုးစားအောင် ဘာတွေလုပ်ရမလဲ၊ ဘာတွေမလုပ်ရဖူးလဲဆိုတာ တာဝန်ရှိသူတွေ ပိုသိကြပါတယ်။

ယုံကြည်မှုဆုံးရှုံးရင် ဂုဏ်သိက္ခာပါဆုံးရှုံးမှာပါ။

(JBT)

Leave a Reply

Your email address will not be published. Required fields are marked *