တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF အဖွဲ့ဝင် (၂၀) ကျော် လက်နက်နဲ့ အလင်းဝင်

ပဲခူးတိုင်းဒေသကြီးအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကိုယ်ဝန်ဆောင်သည် PDF အမျိုးသမီးတစ်ဦးနဲ့ PDF အဖွဲ့ဝင် အမျိုးသား (၂၁)ဦး အလင်းဝင်ရောက်ခဲ့ကြပါတယ်။

အဆိုပါ PDF အပါအဝင် အဖွဲအစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်လျက်ရှိတဲ့ အဖွဲအစည်းအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေထောက်ပံ့ခြင်းအခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ အေးချမ်းဖြိုးခန်းမမှာ ယနေ့ ဖေဖော်ဝါရီလ (၂၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက နုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်း‌ဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက နုတ်ခွန်းဆက်စကား ထပ်မံပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *