ကရင်ပြည်နယ်မှာလည်း PDF ၃ ဦး အလင်းဝင်

ကရင်ပြည်နယ်မှာ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး နိုဝင်ဘာ ၃ ရက်က အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ PDF အဖွဲ့ဝင် ၃ ဦးကို တာဝန်ရှိသူတွေကကြိုဆိုလက်ခံထားပြီး နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မိဘအုပ်ထိန်းသူတွေထံကို လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

အလင်းဝင် PDF ၃ ဦးက သူတို့နဲ့အတူ ပါလာတဲ့ M-16 သေနတ် ၂ လက်၊ M-4 သေနတ် ၁လက်၊ လက်လုပ်မိုင်း ၂ လုံးနှင့် ခဲယမ်းတွေကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ် ဥိးစောမြင့်ဦးနဲ့ တာဝန်ရှိသူတွေက လွဲပြောင်းရယူခဲ့ကြတာ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြတဲ့ PDF အဖွဲ့ဝင် ၃ ဦးကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

PAN

Leave a Reply

Your email address will not be published. Required fields are marked *