ကာဇက်စတန်နိုင်ငံက ဖိတ်ခေါ်လို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတကို ကာဇက်စတန်သမ္မတကိုယ်တိုင် အရေးတယူ ခရီးဦိးကြိုတာတွေ့ရတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်မိတယ်။ ၂၀၂၁ စတော့ ဓာတ်ပုံတွေကို လမ်းမတွေမှာ လူတကာနင်းပြီး ကံညံ့အောင် လုပ်ခဲ့ကြပေမယ့် လူတစ်ယောက်ရဲ့ ဘုန်းကံဆိုတာ တစ်ခြားလူတွေဖျက်လို့ မရဘူးဆိုတာလည်း မြင်ရပါတယ်။
ရုရှားသမ္မတမျက်နှာသာပေးမှုကြောင့်ပဲလား၊ မြန်မာရဲ့ အနာဂတ်ပလန်တွေကို တွက်ဆမိလို့ပဲလားတော့မသိပေမယ့် ဘယ်လာရုစ်သမ္မတလိုပဲ ကာဇက်စတန်ဟာလည်း ယာယီသမ္မတကို ခမ်းခမ်းနားနားကြိုဆိုခဲ့တာတွေ့ရတယ်။ ဘာပဲပြောပြော သူ့ဘုန်းကံတက်နေတာကိုတော့ ငြင်းမရပါဘူး။စာကြွင်း။ ကာဇက်စတန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးဂုဏ်ပြုတာက နိုင်ငံတော်အလံအရောင်ဖြစ်တဲ့ အပြာနုရောင်ကော်ဇောနဲ့ ကြိုဆိုတာဖြစ်ပြီး သမ္မတနန်းတော်ကနေ ပြန်တဲ့အချိန်မှာလည်း သမ္မတကိုယ်တိုင် ယာဉ်တန်းအထိ လိုက်ပါပို့ဆောင်ပြီး အရေးပေးမှုကို ပြသခဲ့ပါတယ်။
(ပိုင်စိုး)

