နောင်ချိုဒေသခံပြည်သူများအတွက် ကျန်းမာရေးကစ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တဲ့ပုံရိပ်များ

နောင်ချိုမြို့အား တပ်မတော်မှပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်၌ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနိုင်ရန် နောင်ချိုမြိုရှိ မြနန်းတော်ဝင်မင်္ဂလာခန်းမအား ဇူလိုင် ၂၀ ရက်မှစတင်ကာ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ယာယီဆေးရုံအဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။

ဖွင့်လှစ်ထားသော ယာယီဆေးရုံအား နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ကြည့်ရှုစစ်ဆေးကာ ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံများကိုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ နောင်ချိုမြို့ခရီးစဥ်အတွင်း၌ ခုတင်(၂၅) ဆံ့ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံအား လက်နက်ကိုင်အဖွဲ့ဝင်များဖျက်စီးခဲ့မှုများကို မူလအခြေနေသို့ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများအား ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပြီးလိုအပ်သည်များ ထောက်ပံ့ဖြည်းဆည်းပေးခဲ့တဲ့ပုံရိပ်များကိုဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *