ဧပြီ ၁၉ ရက် စနေနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ဆူဒန်တောင်ပိုင်း ဒါဖာ ဒုက္ခသည်စခန်း၌ အစိုးရတပ်များသည် လူ ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ကုလ ဒုက္ခသည်မဟာမင်းကြီးရုံးကစွတ်စွဲလိုက်သည် ။

-ဘင်္ဂလားဒက်သို့ အမေရိကန် အာရှပစိဖိတ် အကြီးအကဲ နီကိုးချူးနစ် သည် ဧပြီ ၁၆ နှင့် ရှေ့ပစိဖိတ် ဆိုင်ရာ ညွှန်မှုး အင်ဒရူးဟာရက် သည် ဧပြီ ၁၇ ၌၎င်း ရောက်ရှိဆွေးနွေး လျှက်ရှိသည် ၊ ၎င်းတို့သည်ဧပြီပထမပါတ်က ပစိဖိတ်ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိုအယ်လ်ဖာဝဲလ် ဘင်္ဂလားဒက်စစ်ဦးစီးချုပ် ရာကာအုဇာမန် တို့တွေ့ဆုံပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၊ ဘင်္ဂလား၏ အမှတ် ၁၀/၁၇/၂၄ တပ်ရင်း ၃ ရင်းအားအမေရိကန်ကြောထောက်နောက်ခံဖြင့် မြန်မာအစိုးရ သူပုန်များဖြစ်သည့် AA နှင့် CNF ကို ဘက်စုံ supply , logistic , technical support ကူညီရန်ဖြစ်ကြောင်း ၊ တက္ကနပ်လေယာဥ်ကွင်းကိုတိုးချဲ့နေပြီး တူရကီထုတ် အဆင့်မြင့်ဒရုန်းအခြေစိုက်စခန်းအဖြစ်သုံး၍ ချင်း နှင့် ရခိုင် သူပုန်များကို ကူညီမည်ဖြစ်ကြောင်း ARSA ခေါင်းဆောင်ကိုလည်း ဖမ်းဆီးပြီး AA / CNF တို့ နှင့် ပေါင်း၍ စစ်အစိုးရကိုတိုက်လျှင် ပြန်လွှတ်ပေးမည်ဟု ဖိအားပေးလျှက်ရှိကြောင်း အိန္ဒိယထုတ် North East News သတင်းစာ၌ ဖော်ပြထားသည် ။

-အာဆီယံဥက္ကဌ အန္နဝါ က နစက နှင့် NUG နှစ်ဖွဲ့လုံးနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု့သည် အောင်မြင်ပြီး နှစ်ဖက်လုံးကအပစ်ရပ်သက်တမ်းတိုးရန်သဘောတူခဲ့ကြောင်းပြောသော်လည်း NUG ကာကွယ်ရေးဝန်ကြီးဆိုသူ ရည်မွန် က အထွေထွေထိုးစစ်ကြီး မကြာမှီစတော့မည်ဟု ကြေငြာခဲ့သည်။

ပြည်တွင်းထူးခြားသတင်းများ

-လားရှိုးသို့ မိုင်းရယ်မှတဆင့်မိမိတပ်များဝင်ရောက်ခဲ့ပြီး UWSA နှင့် MNDAA တို့က စောင့်ကြိုခဲ့ပြီး တရုပ်ကိုယ်စားလှယ်နှင့် ဆင်နှစ်ကောင် ဟိုတယ်တွင် ဆွေးနွေးနေကြောင်း သိရသည် ။

-လီဒို လမ်း ရှိ လဝါး ရွာအနီး၌ မိမိစခန်းကို KIA တို့လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်နေသည် ။

-လယ်ဝေးမြို့နယ် ဧလာ အရှေ့ဘက်ခြမ်း တောင်သူဦးသိန်းထွန်း၏ယာခင်းအတွင်း မနေ့ည ၂၁၀၀ အချိန်ခန့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက် ခဲ့သော်လည်း ထိတ်ဖူး နှစ်ပိုင်းသာပြတ်ကာပေါက်ကွဲမှု့မရှိခဲ့ကြောင်း တင်ပြအပ်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *