ကျပ်သိန်း ၂၄၀၀၀ရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် ကျပ်သိန်း ၁၅၀၀၀ တန် ရေယာဉ်တစ်စီး ဖမ်းမိမှုအပါအဝင် တစ်နေ့တာအတွင်း ကျပ်သိန်း ၂၄၀၀၀ ဖိုးခန့် တရားမဝင်ကုန်စည်များ ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၉ ရက်တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉၉၁၆၅၀၂၇) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကျဆင်းခြင်းတို့ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေသည်။

ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။   

MT News

Leave a Reply

Your email address will not be published. Required fields are marked *