ဧပြီ ၁၀ ရက် ကြာသပတေးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အမေရိကန်က အခွန် ၃၂ % တိုးကောက်၍ တရုတ်ကတန်ပြန် ၃၂ % ကောက်ခဲ့ရာမှ အမေရိကန်က တရုတ်သွင်းကုန်များကို ၁၀၂ % အထိ စံချိန်တင် ထပ်တိုးကောက်ခံမည်ဟု ကြေငြာခဲ့သည် ။

-စစ်ရေးခြိမ်းခြောက်မှု့မလုပ်ပါဟု အာမခံပါက နျူးကလီးယား ဆွေးနွေးမှု့ကို လုပ်သွားမည်ဟု အီရန် က ကြေငြာခဲ့သည် ။

-ဒိုမီနီကန်မြို့တော် ဆန်တိုဒိုမီကို ၌ နိုက်ကလပ်တစ်ခု ခေါင်မိုးပြိုကျ၍ လူ ၉၈ ဦးသေဆုံးပြီး ၁၅၀ ဒဏ်ရာရသည် ၊ သေဆုံးသူများထဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်း နှင့် မေဂျာလိ ဘေ့စ်ဘော ကစားသမားဟောင်းတို့ပါဝင်ခဲ့သည် ၊ သီဆိုနေသူ နာမည်ကြီးအဆိုတော် ရူဘီဘီးယက်စ် မှာ အပျက်အဆီးများကြား မှဒဏ်ရာဖြင့်ကယ်ထုတ်နိုင်ခဲ့သည် ။

-ဥဇဘက်ကစ္စတန် ၌ ကျင်းပနေသော နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က အကြမ်းဖက်အားပေး CRPH ကို ဆက်လက်အသိအမှတ်ပြုကြောင်း ကြေငြာခဲ့သည် ။

(ပြည်တွင်း ထူးခြားသတင်းများ)

-ကလေးမြို့ နှောပင်ရွာတွင် နေကြာစိုက်ခင်း၌ အလုပ်လုပ်နေသူ ရွာသား ၃ ဦးကို PDF အကြမ်းဖက်များကပစ်သတ်သွားသည် ။

-စဥ့်ကူးမြို့နယ်တွင် မနေ့နေ့လယ်၂ နာရီခန့်က ၅.၂ မဂ် ပြင်းအားသင့်တင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့သည် ။

-KIA နှင့် TNLA အကြား မကြာခနခိုက်ရန်ဖြစ်ပွားနေခြင်းအပေါ် ဗဟိုအဆင့်ဆွေးနွေးမည်ဟု ဆိုသည် ။

-ဘင်္ဂလားပင်လယ်အော်ရှိလေဖိအားနည်းရပ်ဝန်း အားပျော့ပျက်ပြယ်သွားပြီဖြစ်သော်လည်း မိုးရွာ လေတိုက်မှု့များဖြစ်ပေါ်နိုင်သေးကြောင်း မိုးဇလ က သတိပေးထားသည် ။

-ရွေးကောက်ပွဲကော်မရှင်ကိုအားဖြည့်သောအားဖြင့် ဦးသန်းစိုးအား ဒုတိယဥက္ကဌသစ်အဖြစ် ခန့်အပ်ခဲ့သည် ။

ပြည်ထောင်စုနယ်မြေ USDP ပါတီသည် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပြီး၍ ဒုက္ခသည်များ ရွှေ့ပြောင်းအခြေချနေထိုင်နိုင်ရေး ဆက်လက်ကူညီလုပ်ဆောင်ပေးလျှက်ရှိကြောင်းသတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *