တပ်မတော်(ရေ)ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အမြန်သွားကင်းလှည့်ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲဝင်များသည် နိုဝင်ဘာလ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်၌ ဖျာပုံမြစ်ဝအနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ငါးဖမ်းလှေတစ်စီးသောင်တင်၍ ရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ခဲ့ရာ ဖျာပုံမြိုမှ ရန်ကုန်သိုထွက်ခွာလာသော မြမျိုးလွင် (၉) အမည်ရှိ လှေသား ၁၉ ဦးပါ ဒရွတ်ဆွဲငါးဖမ်းလှေသည် ရုတ်တရက်လှိင်းလှေပြင်းထန်ကာ သောင်တင်မှုဖြစ်ခဲ့ခြင်းကြောင့် ရေယာဉ်ဝမ်းဗိုက်အတွင်း ရေဝင်မှုများဖြစ်ပေါ်ကာ လှေတစ်ဝက်မှာ နစ်မြုပ်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရရှိသည့် လှေသားများအား စစ်ရေယာဉ်ပေါ်သို တင်ဆောင်၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသခြင်း၊အဝတ်အထည်နှင့် အစားအသောက်များထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး စနစ်တကျလွှပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
ရေဝင်နစ်မြုပ်နေသည့် ငါးဖမ်းလှေတစ်စီးအား တပ်မတော်(ရေ)မှ ကယ်ဆယ်
