မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၁ ရက်နေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးခန်း၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ တက်ရောက်ဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊…