ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်ရဲတပ်ဖွဲ့က အရွယ်မရောက်သေးသူလေးဦးအပါအဝင် မြန်မာနိုင်ငံသား ၁၃၅ ဦးကို နိုင်ငံတွင်းတရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့သိရပြီး ဖမ်းဆီးမှုတွေကို သီးခြားစစ်ဆင်ရေးနှစ်ခုနဲ့ ပြုလုပ်ခဲ့တာလို့ ထိုင်းအခြေစိုက် သတင်းတွေမှာ ဧပြီလ ၇ ရက်နေ့က ဖော်ပြခဲ့ကြောင်းသိရပါတယ်။ #Crd

