လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နွားထိုးကြီးမြို့နယ် အရှေ့ ဘက် မင်းစုံတောင်ရှောက်တောရိုးကွေ့တွင် နွားထိုးကြီးဘက်မှ မြစ်သား ဘက်သို့ မောင်းနှင်လာသည့် စစ်ကား ၃ စီးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၉ ရက်နေ၌ နွားထိုးကြီးမြို့နယ် နွားထိုးကြီး-မြစ်သား သွားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ချောင်မြောင်းပြီး မိုင်းဆွဲတိုက်ခိုက် သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်ဆိုပြီး လူအထင်ကြီးအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။