ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် မအူပင်မြို့တို့ရှိ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဟင်္သာတခရိုင် အေးမြသာယာ ပြည်သူ့အားကစားကွင်း ဦးစွာ နိုင်ငံတော်သမ္မတသည် ဟင်္သာတမြို့ရှိ ဟင်္သာတခရိုင် အေးမြသာယာ ပြည်သူ့အားကစားကွင်းသို့ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဟင်္သာတခရိုင်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားသမားများ အဆင့်မီမီကစားနိုင်ရေး၊ ပွဲကြည့်ပရိသတ်များအဆင့်မီမီ ကြည့်ရှုနိုင်ရေးအတွက် ပွဲကြည့်စင်နှင့်မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး စနစ်တကျတွက်ချက်တင်ပြဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို…