တပ်မတော်ဆေးတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ဆေးပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းသည့် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ်လ ၂၄ ရက်နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်၊ ပင်မစာသင်ဆောင်၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay…