Breaking News

မခင်ယွန်းစန္ဒီတောင်းဆိုထားတဲ့ “အလိုက်တသိ” သီချင်းလေးအား တင်ဆက်ပေးလိုက်ပါတယ်ရှင်

ကျွန်မတို့ PCT NEWS ရဲ့ သီချင်းတောင်းဆိုခြင်း အစီအစဉ်လေးမှာ ပါဝင်တောင်းဆိုလာတာကတော့ မခင်ယွန်းစန္ဒီကနေ သီချင်းလေးကို ကိုယ်တိုင်နားဆင်ရန်အတွက်ပါဆိုပြီး ပါဝင်တောင်းဆိုထားပါတယ်ရှင်… တောင်းဆိုထားတဲ့ သီချင်းလေးကို အခုပဲတင်ဆက်ပေးလိုက်ပါပြီရှင်…

KIA အဖွဲနှင့် PDFအကြမ်းဖက်သမားများက နေအိမ်များအား မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၁၇ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြိုနယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲဝင်များအား ယနေ့နံနက်တွင် နောင်ပင်ကျေးရွာ၊ မိုးဒါးကြီးကျေးရွာနှင့် ဟဲနားကျေးရွာ(ရွာဟောင်း)များအနီးသို အရောက်၌ KIA အဖွဲနှင့် PDF […]

ပိုမိုစည်ကားလာသော ပြင်ဦးလွင်ပန်းပွဲတော် တတိယမြောက်နေ့မြင်ကွင်း

ပြည်သူတွေ အဆင်ပြေပျော်ရွှင်နေတာကို မနာလိုမရှုစိမ့်တဲ့သူ တစ်ချို့ကတော့ ဝင်ကြေးက ၇၀၀၀ ဘာညာဆိုပြီးလျှောက်ဖွနေကြပေမဲ့ မြို့ခံတွေရော လာရောက်လည်ပတ်သူတွေဆီကရော ဝင်ကြေး ၂၅၀၀ ကျပ်ပါပဲလို သိရပါတယ်။Game အစီအစဉ်တွေနဲ့ နိုင်ငံကျော် […]

လှည်းတန်း-အင်းစိန်လမ်းမပေါ်မှာ ကားတစ်စီးက လူတစ်ဦးကိုတိုက်မိပြီး မောင်းပြေးမှုဖြစ်ပွား

ဒီဇင်ဘာလ ၁၇ရက်နေ့ ည ၈နာရီခွဲဝန်းကျင်ခန့်က ရန်ကုန်မြို့၊ လှည်းတန်း အင်းစိန်လမ်းမပေါ်မှာ ကားတစ်စီးကအမျိုးသမီးတစ်ဦးကို တိုက်မိပြီး မောင်းပြေးမှုဖြစ်ပွားခဲ့တယ်လို့ အနီးဝန်းကျင် မျက်မြင်တွေ့ရှိသူများရဲ့ ပြောဆိုချက်အရ သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ […]

ဝက်သားပုစွန်ဖက်ထုပ်လုပ်နည်း

ချစ်တို့ရေ… ပိတ်ရက်လေးမှာ တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် လုပ်စားနိုင်မယ့် ဝက်သားပုစွန် ဖက်ထုပ်လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်…

နိုင်ငံကိုယ်စားပြု Miss မှသည် တပ်မတော်သားတစ်ယောက် အဖြစ်သို့

သူမရဲ့နာမည်ကတော့ Miss Supranational Myanmar 2017 မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ရွှေမှူးဟန် ဖြစ်ပါတယ်။ သူမရဲ့ နာမည်အပြည့်စုံလေးကတော့ မေအိန္ဒြေသန့်ဖြစ်ပါတယ်။အသက် ၁၈ နှစ်အရွယ်က ၂၀၁၇ ခုနှစ်မှာ […]

မြသိန်းတန်စေတီတော်(မင်းကွန်း)သမိုင်း

မြသိန်းတန်စေတီတော်မှာဧရာဝတီမြစ်၏အနောက်ဖက်ကမ်းမင်းကွန်းရွာမင်းကွန်းပုထိုးတော်ကြီး၏မြောက်ဖက်အနီးတွင်ကျိန်တော်မူလေသည်။ဘိုးတော်ဘုရားသည်သက္ကရာဇ်၁၁၅၂ခုနှစ်တွင်မင်းကွန်ပုထိုးတော်ကြီးကိုတည်တော်မူရာမြေးတော်စစ်ကိုင်းမင်းကလေနှင့်မြေးတော်ဆင်ဖြူရှင်မယ်တို့သည်ပုထိုးတော်ကြီးအနီးစေတီတစ်ဆူတည်ထားလိုကြောင်းခွင့်တောင်းရရှိသည့်အတိုင်းဘုရားအလောင်းတော်ဆဒ္ဒန်မင်းဖြစ်စဉ်ပျော်စံခဲ့ဘူးသောဆင်ဖြူတောင်၌မြေညှိ့ကာ၁၁၆၄ခုနှစ်တန်ခူးလဆန်း၅ရက်နေ့တွင်စစ်ကိုင်းမြို့ဝန်ကြပ်မက်လျှက်စတင်တည်လုပ်စေလေသည်။(စစ်ကိုင်းမင်းကလေးမှာဘိုးတော်ဘုရား၏သားတော်အိမ်ရှေ့မင်း၏သားတော်ဖြစ်၍ဆင်ဖြူရှင်မယ်မှာဘိုးတော်ဘုရား၏သားတော်ပြည်မင်းသား၏သမီးတော်ဖြစ်လေသည်။စေတီဖနပ်တော်မှာအချင်း၆၄တောင်၂မိုက်၄သစ်ခင်း၍ပန္နက်ချကာပထမအာလိန်မှစ၍တည်လုပ်ပြီးအာလိန်ထိပ်၌အလျားအနံ၁၂တောင်မျှသောဌာပနာတိုက်၁၆တိုက်ကိုပြုလုပ်၍သီဟိုဠ်ကျွန်မှပင့်ဆောင်လာသောဓာတ်တော်၅ဆူကို၁၁၆၄ခုနှစ်ဝါဆိုလဆန်း၂ရက်နေ့တွင်ဌာပနာလေသည်ဆင်ဖြူရျင်မယ်ဝတ်နေကျတစ်သိန်းတန်မြရတနာကိုလည်းလှူတန်းဌာပနာခဲ့လေသည်။ဆင်ဖြူရှင်မယ်တည်သဖြင့်ဆင်ဖြူမယ်ဘုရားဟူ၍၎င်းတစ်သိန်းတန်မြရတနာကိုဌာပနာ၍မြသိန်းတန်ဘုရားဟူ၍၎င်းထင်ရှားလေသည်။စေတီတော်၌အာလိန်ငါးဆင့်တောင်စဉ်ခုနှစ်ထပ်လိုဏ်မုခ်များနှင့်တည်၍မြတ်စွာဘုရားတာဝတိသာမှကြွတော်မူသည်ကိုရည်စူ၍စောင်းတန်းသုံးသွယ်ဖြင့်မွန်းမံတည်ထားလေသည်။စေတီတော်ပြီးမြောက်သောအခါဘိုးတော်ဘုရားကိုယ်တိုင်မင်းခမ်းမင်းနားဖြင့်ထွက်တောမူ၍သဘင်ကြီးစွာခံပြီးနောက်၁၁၆၉ခုနှစ်တခူးလပြည်ကျော်၄ရက်နေ့တွင်ရေစက်သွန်းချ၍ထီးတော်တင်လှူတော်မူခဲ့သည်။ထိုစေတီတော်ကြီးသည်ကာလရှည့်ကြာ၍ငလျှင်ဒဏ်ကြောင့်ပြိုပျက်ရာတွင်မင်းတုန်းမင်းကြီး၏မိဖုရားခေါင်ဆင်ဖြူမရှင်ကပြုပြင်ခဲ့ပြန်လေသည်။