ယခင် Design ဟောင်းကြီးကို သုံးရတာ ရိုးအီလို့ပဲ ဖြစ်ဖြစ်၊ အသစ်အဆန်းလေးကိုမှ စမ်းသုံးကြည့်ချင်တယ်ဆိုတဲ့ တပ်မတော်သား မိသားစုဝင်များ အတွက် ရဲဝံ့စွန့်စားပြည်ချစ်သား မှ Android ဖုန်းများအတွက် ရဲဝံ့စွန့်စားပြည်ချစ်သား App ဗားရှင်းအသစ်ကို လွှင့်တင်လိုက်ပါပြီ။
Version အသစ်မှာ ဘာတွေ ထူးခြားသွားမလဲဆိုတော့ –
၁။ App ရဲ့ Icon ပြောင်းသွားခြင်း ။ Version ဟောင်းမှာ App ရဲ့ Icon လေးဟာ ပြာဖျော့၊ နီ၊ ပြာ ရောင်လေးကနေ Version သစ်မှာတော့ နိုင်ငံတော် အလံရောင်ဖြစ်တဲ့ ဝါ၊ စိမ်း၊ နီ လေးကို ပြောင်းလဲထားပါတယ်။

၂။ ပို့စ်တွေကို ကြည့်ရလွယ်ကူအောင် Block ပုံစံ တည်ဆောက်ထားပြီး ကဏ္ဍခွဲအလိုက် လွယ်ကူစွာ ရွေးချယ်နိုင်ခြင်း။
၃။ နိုင်ငံတကာသတင်းဌာနများ ပုံစံအတိုင်း အကြောင်းအရာအလိုက် ဆက်စပ်ရှာဖွေနိုင်အောင် Search Bar လေး ထည့်သွင်းထားပါတယ်။
၄။ လက်ရှိ မိုးလေဝသ အခြေအနေကိုလည်း App ထဲမှာ ကြည့်ရှုနိုင်ပါတယ်။ (ဖုန်းထဲက GPS ကို ဖွင့်ထားဖို့တော့ လိုမှာပါနော်။)

၅။ တင်ထားတဲ့ ရုပ်သံဖိုင်များကိုလည်း Youtube ကို သွားစရာမလိုဘဲ တိုက်ရိုက်ကြည့်နိုင်ပါပြီ။

၆။ ပို့စ် တစ်ခုချင်းစီအလိုက်လည်း A A သင်္ကေတကိုနှိပ်၍ စာလုံးများကို ချုံ့ခြင်း/ ချဲ့ခြင်းများ ဆောင်ရွက်၍ မြင်သာအောင် ဖတ်ရှုနိုင်ခြင်း၊

၇။ မိမိနှစ်သက်ရာပို့စ်အား

နှိပ်၍ မိတ်ဆွေများထံ ဝေမျှနိုင်ခြင်း။

၈။ နေ့စဉ်ထုတ် မြဝတီ၊ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာများကို လွယ်ကူစွာ ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ခြင်း။

ကဲဒီတော့ ဒီလိုဆန်းသစ်တဲ့ အတွေ့အကြုံတွေကို ခံစားချင်တယ်ဆိုရင်တော့ Website ထဲက Android App သင်္ကေတဖြစ်တဲ့ Bugdroid လေးကို နှိပ်ပြီး Download ရယူနိုင်ပါပြီနော်။
သို့မဟုတ်
ဒီအောက်က Link မှာလည်း Download ရယူနိုင်ပါပြီနော်။
PCT Android App (New Version) Download Link
https://drive.google.com/file/d/1ZzwZQQaKzXZPejmjpzQHGP9sekJCR5rx/view
