ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါ လူနာသစ်အများ ဆက်လက်တွေ့ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာအသစ်များ ဆက်လက် တွေ့ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန စာရင်းထုတ်ပြန်ထားချက်များအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း ဇူလိုင်လ (၆)ရက်မှ စတင်ကာ ယနေ့ ဇူလိုင် (၂၂)ရက်အထိ ဝမ်းရောဂါဖြစ်ပွားသည့် လူနာ (၈၀၀) ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း ဝမ်းရောဂါဖြစ်ပွားသည့် လူနာများတွင် က-လေ-းသူငယ်အရွယ်မှစ၍ အသက် (၈၀)ကျော်အရွယ် သက်ကြီးရွယ်အိုများ ပါဝင်ကာ အခြားဆက်စပ်မြိုနယ်အချိုတွင် ရောဂါကြိုတင်ကာကွယ်ရန် သတိပေးခြင်းများရှိကြောင်း သိရသည်။