မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ယနေ့ စတင်ကျင်း ပမည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စီတာပူမနောကွင်း၌ သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယနေ့ အောက်တိုဘာ ၂၈ ရက်မှစတင်ကာ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ဒေသတွင်းရှိ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်နယ်အတွင်း တီထွင် ဆန်းသစ်မှုရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များတိုးတက်ထုတ်လုပ်လာနိုင်စေရန်၊ ဒေသထွက်စိုက်ပျိုးမွေးမြူ ရေးထွက်ကုန်များကိုအခြေခံသည့် ထုတ်ကုန်များအား ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲလာနိုင်စေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတော်၌ မြစ်ကြီးနားတက္ကသိုလ်ပညာရပ်ဆိုင်ရာပြခန်း၊ ဒေသထွက် MSME ထုတ်ကုန်ပြခန်း၊ ကျောက်မျက်ရ တနာပြခန်း၊ စိုက်ပျိုးရေးနှင့် သစ်တောဦးစီးဌာနပြခန်း၊ ဒေသထွက်စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အ ထည်နှင့် ကျောက်စိမ်း၊ ကျောက်မျက်လက်ဝတ်ရတနာအချောထည်အရောင်းပြခန်းစသည့် အခန်းပေါင်း ၆၀ ဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ပွဲတော်အား ​ယနေ့ အောက်တိုဘာ ၂၈ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ၃ ရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှည ၇ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *