ဆေးတက္ကသိုလ် (မန္တလေး) ဇီဝက စာသင်ဆောင်၌ ယနေ့ နံနက်ပိုင်းက CDM ပြုလုပ်ခဲ့သည့် ဆရာဝန် နှင့် ကျန်းမားရေးဝန်ထမ်း ၃၅၄ ယောက်ကို Blacklist မှ ပယ်ဖျက်သည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် NUG အကြမ်းဖက်အဖွဲ၏ လမ်းညွှန်ချက်များကို လိုက်နာပြီး ဆေးရုံများမှ စွန့်ခွာကာ ဆေးကုသမှုမပေးဘဲ နေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၆၀၀၀ ခန့် သေဆုံးခဲ့ရပြီး PDF အကြမ်းဖက်အဖွဲများထံ ဆေးဝါးများ ပိုဆောင်ပေးခြင်း၊ NUG အကြမ်းဖက်အဖွဲ၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ အခြေပြုရာ နေရာများတွင် ဆေးဝါးကုသမှု သွားရောက် ဆောင်ရွက်ပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
ယခုအခါ NUG အကြမ်းဖက်အဖွဲမှ CDM ဝန်ထမ်းများကို မျှော်လင့်ချက်အမှားများပေးခဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည်ကို သိရှိရပြီးနောက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။
