ယနေ့ ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်း အခမ်းအနားတက်ရောက်မည့် ပြည်ပနိုင်ငံအစိုးရကိုယ်စားလှယ်များ ဧပြီ ၉ ရက် ညနေပိုင်းက နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့အား နေပြည်တော်တပ်မတော်လေဆိပ်၌ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
