နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်အချိန်တွင် ပြုလုပ်ခဲ့သည်ဟု သိရပါတယ်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်နေ့အထိ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။
