မြေအောက်တမံကိုသိသူနည်းသည်။ တမံသည် အတားအဆီးဟုအဓိပ္ပာယ်ရရာ မြေအောက်တမံသည် မြေအောက်အတားအဆီးဖြစ်သည်။ ဘာကိုတားသလဲဆိုရင် ရေကိုတားခြင်းဖြစ်သည်။ ဘာအတွက်တားသလဲဆိုရင် တမံအနီးနေလူများ သောက်ရေသုံးရေရဖို့တားသည်။ သဲချောင်းများတွင် မြေအောက်တမံဆောက်၍ရေအလွယ်တကူရယူနိုင်သည်။ မြန်မာနိုင်ငံမိုးနည်းရေရှားဒေသများတွင် သဲချောင်းများရှိသည်။ မိုးရွာပြီး တောင်ကျရေများ ဆင်းလာသောအခါ သဲချောင်းများထဲတွင် ရေတဟုန်ထိုးစီးသည်။ နွေတွင်ရေမစီးတော့သော်လည်း သဲထုထဲတွင် ရေကျန်အမြောက်အမြားရှိသည်။ မမြင်သာသော်လည်း သဲထု၏ ၄၀ ရာခိုင်နှုန်းခန့်သည် ရေများဖြစ်ကြသည်။ သဲချောင်းအနီးရှိရွာများသည် သဲထုအတွင်းကျန်သောရေများကို လက်ယက်တွင်းများတူး၍…