မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲများဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက် ရှိရာ စက်တင်ဘာလ ၁၇ ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြိုနယ်၊ ကုန်းယောင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများကိုအွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြု သည့် လုပ်ငန်းပစ္စည်းများအတူ ဖမ်းဆီးရမိခဲ့သည်။-လုံခြုံရေးပူးပေါင်းအဖွဲများက နမ့်စန်မြိုနယ်အတွင်း…