လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာကြသည်။ ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတာ်ကာကွယ်ရေး တက္ကသိုလ်သို့ရောက်ရှိကြရာနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နိုင်ငံရေးဌာနအကြီးအကဲ Major General Phanseng Bounphan နှင့်တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ခန်းမတွင်…