၉၁ နာရီကြာပိတ်မိနေသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် အသက်(၆၃)နှစ်ခန့် မ(၁)ဦးအား ယနေ့ နံနက် ၉:၁၅ အချိန်၌ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသမီးသည် ငလျင်ကြောင့် အဆောက်အဆောက်အဦအပျက်အစီးအတွင်း၌ ၉၁နာရီကြာ ပိတ်မိခဲ့သည်။ယနေ့ နံနက် ၇:၁၅ အချိန်၌ ပိတ်မိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ကူညီကယ်ဆယ်ရာ ၉:၁၅ အချိန်၌ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်း၊မန္တလေး၊ နေပြည်တော်၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးသည့် နေရာများကို နိုင်ငံတကာလူမှုကူညီရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးလျက် ရှိသည်။ crd//

Leave a Reply

Your email address will not be published. Required fields are marked *