ရှာဖွေကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ခွေးလေး Ted

စင်ကာပူကယ်ဆယ်ရေးအဖွဲ့နှင့်အတူလိုက်ပါလာတဲ့  ခွေးလေး Ted ဟာ ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦအပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ရှာဖွေပေးနေခြင်းဖြစ်ပါတယ်။

Ted ဟာ အသက် ၇ နှစ်အရွယ်ရှိပြီဖြစ်ကာ belgian malinois ခွေးအမျိုးအစားဖြစ်ပါတယ်။ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံဆီ စင်ကာပူအစိုးရက  ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ပေးပို့ထားပြီး နေပြည်တော်မှာ အဆောက်အဦအပြိုအပျက်တွေကြားပိတ်မိနေသူတွေကို  ကယ်ထုတ်နေတယ်လို့သိရပါတယ်။

ရုပ်သံ – SCDF

Leave a Reply

Your email address will not be published. Required fields are marked *