လေဖိအားနည်းဆဲလ်သည် အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်သည် အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက် ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။

လေဖိအားနည်းဆဲလ်သည် ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတိုတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာ ၂၁ ရက်တွင်ရောက်ရှိမည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်မည်ဖြစ်သည်။

ထိုသို ရောက်ရှိလာမှုကြောင့် ယနေ့ အောက်တို ဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေ ပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှနေရာအနှံအပြား မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထိုပြင် အချိုဒေသများတွင်လည်း ဒေသအ လိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ် နိုင်သဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးဇလကသတိပေးထားသည်။

ထိုအတူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိတိုက်ခတ်နိုင်မည့် မိုးသက် လေပြင်းများကျရောက်၍ ၈ ပေမှ ၁၀ ပေခန့်အ ထိ လှိင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလကသတိပေးခဲ့သည်။