ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ဒီနေ့မနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံနေတဲ့ ကိုးကန့် MNDAA တပ်ကို TNLA တပ်ဖွဲ့တွေက ပိတ်သိမ်းခိုင်းတာကြောင့် နှစ်ဖက်တပ်အကြား အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသခံတွေပြောချက်အရ MNDAA တပ်ဟာ ဒီမနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့မဈေးနဲ့ မီးပွိုင့်နေရာမှာ ငလျင်ဘေးအတွက် အလှူပုံးနဲ့အလှူကောက်ခံနေချိန် TNLA က ၎င်းတို့ထံ ခွင့်ပြုချက်မတောင်းလို့ဆိုပြီး လာရောက်ပိတ်ပင် တားမြစ်ရာကနေ ခိုက်ရန်စတင်ဖြစ်တယ်လို့ ပြောပါတယ်။
