အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

COL SHRIKANT JETHI ဦးဆောင်ပြီး အရာရှိ၊ စစ်သည်စုစုပေါင်း ၁၂၀ ဦးပါဝင်သည့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊လေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းက နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရောက်ရှိလာသော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်ဟု သိရပြီး ယင်းနေ့ ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆင်ဖြူတော်များကို လေ့လာကြည့်ရှုခဲ့ကြသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *