နိုင်ငံတော်ခင်စိန်

ဆရာခွန်သက်တင်ဆန်း

ကျွန်တော့်ရုံးခန်းကို သူလာလေ့မရှိ။ ကျွန်တော်ကသာ အားရင် သူ့ရုံး ခန်းမှာ သွားထိုင်တတ်သည်။ သူကတပ်ရေးဗိုလ်ကြီးဆိုတော့ အလုပ်ပိုရှုပ် သည်။ ဆရာ့အခန်းနှင့် ကပ်လျက်နေရပြီး ဆရာ၏ မကြာခဏ ခေါ် တွေ့ ခြင်းကို ကျွန်တော့်ထက် ပိုပြီး ခံရသူဖြစ်သည်။ ကိုအောင်မျိုးမြင့်နှင့် ကျွန်တော်မှာ တစ်ပတ်စဥ်ထဲ မဟုတ်သော်လည်း တစ်နှစ်ထဲမှာ ကျောင်းဆင်းကြသည့် အရာရှိများဖြစ်သည်။ လက်ရှိတပ်သည် ကိုအောင်မျိုးမြင့်၏ မိခင်တပ်ရင်း ဖြစ်သော်လည်း ကျွန်တော့်အတွက်တော့ တတိယမြောက်တပ် ဖြစ်ပါသည်။ ဆရာက ကျွန် တော်တို့ နှစ်ယောက်ကို တပ်ရေးဗိုလ်ကြီနှင့် တပ်ထောက်ဗိုလ်ကြီးတာဝန် ပေးထားသည်။ ” ဆရာသမား…မလာစဖူး ကျွန်တော့်ရုံးခန်းကို ကြွလာလို့ပါလား” ” ကိုကျော့်ကို ပြောစရာ ရှိလို့ဗျာ…ပြောချင်လွန်း နေတာနဲ့ ခင်ဗျား အလာကို မစောင့်တော့ဘဲ ထွက်လာခဲ့တာ” အခန်းထဲ ဝင်ထိုင်ရင်း ပြောလိုက်သော စကားကြောင့် အကြောင်း အရာကို ပိုသိချင်လာသည်။ ပြောမည်လုပ်ပြီးမှ… ” လာပါဗျာ…ကျွန်တော့်ရုံးခန်းသာ လိုက်ခဲ့ပါ၊ ပြစရာရှိတယ်” သူထွက်သွားသည့် နောက်ကို ကျွန်တော်လိုက်ခဲ့သည်။ သူ့ရုံးခန်းထဲ ရောက်တော့ ဖိုင်တွဲတစ်ခုကို ကျွန်တော့်လက်ထဲ ထိုးထည့်လိုက်သည်။ ဖွင့် ကြည့်ဆိုသည့်သဘော မျက်ရိပ်ပြသည်။ ဖိုင်ကိုဖွင့်ကြည့်လိုက်တော့ လက်ထပ်ခွင့် တင်ပြထားသည့် ဖိုင်တွဲမှန်း သိလိုက်ရသည်။ ဘယ်အရာရှိ မင်္ဂလာဆောင်မှာလဲ။ ဗိုလ်ဌေးဝင်း၏ လက်ထပ်ခွင့်။ ဘာများထူးလို့ပါလိမ့်။ သူလည်း၁၉၈၃ခုနှစ် ကျောင်းဆင်းအရာရှိ ဖြစ် လို့ အိမ်ထောင်ပြုလိုက ပြုလို့ရနေပြီပဲ။ ဗိုလ်ဌေးဝင်းက ကျွန်တော် နှင့်ဆို သုံးနှစ်ငယ်သည်။ အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့်ဟု ဆိုရပေမည်။ အီကွင့် မင့်ဝတ်ပြီး ကာဘိုင်ကို ထမ်းထားလျင် သိပ်ပြီးကြည့်ကောင်းသူ ဖြစ်သည်။ အတွေးတွေ စီးမျောလို့ ကောင်းနေတုန်း ကိုအောင်မျိုးမြင့် လက်ညှိုး က သတို့သမီး၏ ဓာတ်ပုံနေရာကို ထောက်ပြနေသည်။ ” ဟင်” အာ​မေဋိတ်ပင် ထွက်သွားပြီး အ​တွေး​တွေ အကုန်​ပြောင်းသွား​လေပြီ။ နှုတ်က​တောင် လွှတ်ခနဲ ​ရေရွတ်မိသွားသည်။ ” နိုင်ငံ​တော်ခင်စိန်” ” ဟုတ်တယ်.. အဲ့ဒါကို ​ပြောချင်လို့”

   နိုင်ငံ​တော်ခင်စိန် ဆို​သော အမည်မှာ အရာရှိများ လျှို့ဝှက်​ပေးထား ​သော နာမည်ဖြစ်သည်။ မြစ်ကြီးနားကို ​ရောက်ဖူးသည့် အရာရှိတိုင်း သိ ကြသည်။ သူကရုံးတစ်ရုံး၏ ဝန်ထမ်းဖြစ်ပြီး ပုရိသများကို ဆွဲ​ဆောင်နိုင် သည့် အလှများ ပြည့်စုံစွာ ပိုင်ဆိုင်ထားသည်။ လှသည်၊ လွယ်သည်၊ သို့ ​သော် လည်သည်​ပေါ့။

   သူ့အနားတွင် ချစ်သူရည်းစား တစ်​ယောက်မဟုတ် တစ်​ယောက် အမြဲရှိ​နေတတ်သည်။ သူ့ချစ်သူများသည် မကြာခဏ ​ပြောင်း​နေတတ်သည်။ တူ တာတစ်ခုက​တော့ သူ၏ချစ်သူ အားလုံးသည် တပ်မ​​တော် အရာရှိများ ဖြစ်​နေခြင်းပင်။

   ကြည်းတပ်နှင့် ​လေတပ်မှ တပ်မ​တော် အရာရှိများဆိုလျင် သူ၏ချစ်သူ ဖြစ်ခွင့် ရနိုင်သည်။ ဒါ​တောင် မြစ်ကြီးနားမှာ ​ရေတပ်မှ အရာရှိ​တွေ ရှိ မ​နေ လို့။ ရှိလို့က​တော့ ကြည်း/​ရေ/​လေ စုံသွားနိုင်သည်။

   နိုင်ငံ​တော်ကို ကာကွယ်​နေကြသည့် အရာရှိများကိုသာ ချစ်သူအဖြစ် ​ရွေးချယ်​နေသူ ဖြစ်လို့ အ​ကြောင်းသိများက "နိုင်ငံ​​တော်ခင်စိန်" ဟု သူ့ကို အမည်ဝှက်ဖြင့် ​ခေါ်ခြင်းလည်းဖြစ်မည်။ သူ့နာမည်မှာ ခင်စိန်ဆိုတာ မပါ ရှိပါ။ 

   တချိန်က နာမည်ကြီးခဲ့​သော " ​အောင်လံ​တော်ခင်စိန်" ကို ဂုဏ်ပြု ​သောအားဖြင့် " နိုင်ငံ​တော်ခင်စိန်" ဟု ​ခေါ်ကြခြင်းလည်း ဖြစ်​ပေမည်။ နိုင်ငံ​တော်​ဟေ့လို့ ဆိုလိုက်တာနဲ့ အရာရှိများကလည်း မသိမရှိ။

   နိုင်ငံ​တော်မှာ စည်းတစ်ခု​တော့ရှိသည်။ အရပ်ဖက် အရာရှိများကို ချစ်သူအဖြစ် မ​ရွေးချယ်ခြင်းသည် သူ၏စည်းပင်ဖြစ်၏။ ဒါဆို ဘာ​ကြောင့် များ စစ်ဗိုလ်​တွေကို ရည်းစားအဖြစ် ထည်လဲ တွဲ​နေရပါသနည်း။

   ထိုစဥ်က အရာရှိအင်အား နည်းပြီး စစ်ဆင်​ရေးနှင့် အလုပ်တာဝန် များ ပြားကြသဖြင့် မြစ်ကြီးနား မြို့​ပေါ်တွင် အရာရှိများသည် ​ခေတ္တသာ ​နေကြရ သည်။

   မြစ်ကြီးနား ပြန်​ရောက်လာသူက နိုင်ငံ​တော်ဆီ အခစား ဝင်ကြသည်။ အရာရှိများသာ တာဝန်​​​တွေနှင့် ပျားပန်းခပ် လှုပ်ရှား​နေကြ​သော်လည်း နိုင်ငံ​တော် အနားမှာ​​တော့ ချစ်သူတစ်​ယောက် အမြဲရှိ​နေတာကို ​တွေ့ရမှာဖြစ် သည်။ တူတာတစ်ခုက​တော့ ဘယ်အရာရှိမှ နိုင်ငံ​တော်ခင်စိန်ကို လက်ထပ်ဖို့ မစဥ်းစားကြပါ။

   နိုင်ငံ​​တော်ခင်စိန်အ​ကြောင်း ​တွေး​နေရာမှ ဗိုလ်​ဌေးဝင်းအတွက် စိတ်ပူ သွားရပြန်သည်။ နိုင်ငံ​တော်နှင့် ဗိုလ်​ဌေးဝင်းတို့  ဘယ်လိုများ သွား ​​တွေ့ကြ တာလဲ၊ နိုင်ငံ​တော့် အ​ကြောင်းကို ဗိုလ်​ဌေးဝင်း မသိဘူးလား​ပေါ့။
   ဗန်း​မော်တပ်ကို ဗိုလ်​ဌေးဝင်း ​ရောက်ချိန်တွင် ​ကေအိုင်​အေ ​သောင်း ကျန်းသူ​​တွေ အင်အား​ကောင်းပြီး ဂြိုဟ်ကြွ​နေချိန်ဖြစ်လို့ ​ရှေ့တန်းမှာ တိုက်ပွဲ​တွေက ​နေ့တိုင်းလိုပါပဲ။


တပ်ရင်း၏ အထင်ကရ တိုက်ပွဲတစ်ခုဖြစ်သည့် ​ယောယုံတိုက်ပွဲတွင် ရန်သူဗကပနှင့် ​ကေအိုင်​အေတို့ ပူးပေါင်းပြီး တိုက်ကွက်​ဖော်ကာ တပ်ခွဲ စခန်း တစ်ခုကို အင်အားအလုံးအရင်းနှင့် ဝင်တိုက်ကြသည်။

   ဒီအင်အားနှင့်ဆိုလျင် အချိန်အနည်းငယ် အတွင်းမှာပင် စခန်းကျ သွား နိုင်သည်။ စစ်ကူတပ်များ အနားမှာ မရှိတာလည်း ရန်သူကသိသည်။ တိုက်ပွဲ စသည်နှင့် လက်နက်ကြီး လက်နက်ငယ် အင်အားများစွာသုံးပြီး ဝင်​ရောက် တိုက်ခိုက်​သော်လည်း ရန်သူတို့ ထင်သလို ဖြစ်မလာခဲ့။

   တပ်စခန်း ကျမသွားသည့်အပြင် ရန်သူ့ဖက်မှ အကျအဆုံးများစွာ ရင် ဆိုင်လာရချိန်မှာ​တော့ ဆုတ်ခွာခြင်းကိုသာ ​ဆောင်ရွက်ကြ​တော့သည်။ (တိုက်ပွဲအ​သေးစိတ်ကို ဖတ်ရှုလိုပါက စာ​ရေးသူ၏ " ရွံ့​ကြောက်မဲ့တွန်" စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။)

   အင်အား ဆယ်ဆမက များလှ​သော ရန်သူကို ခံစစ်​ကောင်းဖြင့် ခံစစ်၏ ဥပ​ဒေသ များနှင့်အညီ ရင်ဆိုင်အနိုင်ယူ လိုက်ကြသည့် တပ်မ​တော်သားများ ကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ကြသည်။

   တပ်ခွဲမှူး ဗိုလ်ကြီး​အောင်ထွန်းက သူရဘွဲ့ရပြီး တပ်စုမှူးများဖြစ်သည့် ဗိုလ်လှစိုးနှင့် ဗိုလ်​ဌေးဝင်းတို့ နှစ်ဦးက သူရဲ​ကောင်း မှတ်တမ်းဝင် တံဆိပ် ချီးမြှင့်ခံခဲ့ရသည်။

   ​ပြောလိုသည်မှာ ဗိုလ်​ဌေးဝင်း၏ စရိုက်ပင်ဖြစ်သည်။ စစ်​မြေပြင် ​ပျော် သူရဲ​ကောင်း မှတ်တမ်းဝင် စစ်သားကြီးဖြစ်လို့ သူ့ရင်ထဲမှာ တိုက်ပွဲ ​တွေသာ ရှိ​နေသည်။

   ​နောက်တန်းသို့ ခဏဝင်နားချိန်များတွင် အခြားအရာရှိ လူပျိုများ ဗန်း​မော်မြို့တွင်းရှိ ချစ်သူများဆီ သွားကြချိန် ဗိုလ်​ဌေးဝင်းမှာ မိန်းက​လေး သူငယ်ချင်းပင်မရှိ။ အရာရှိရိပ်သာတွင် အမြဲ​ငေါင်​ငေါင်ကြီး ​တွေ့ ​နေရတတ် သည်။  

   ​ရှေ့တန်းထွက်သွားလိုက် ​နောက်တန်းပြန်​ရောက်ရင်လည်း ရိပ်သာမှာ ငူငူကြီး​နေလိုက် ဖြစ်​နေ​သော တပည့်ကို သနားလို့ထင်သည်။ ဆရာက ဗိုလ်​ဌေးဝင်းကို တပ်မ​တော်​နေ့ စစ်​ရေးပြ လမ်း​လျောက်ရန် ထည့်​ပေးလိုက်​တော့သည်။

   မြစ်ကြီးနား တိုင်းစစ်ဌာနချုပ်မှာ တွဲဖက်​လေ့ကျင့်ပြီး​နောက် ရန်ကုန် တွင် တိုင်းကိုယ်စားပြုအဖြစ် စစ်​ရေးပြ လမ်း​​လျောက်ရမှာ ဖြစ်သည်။ ဆရာ ၏ သနားငဲ့ညှာမှုက ဗိုလ်​ဌေးဝင်း၏ ကံကြမ္မာကို ​ကောင်း​စေမလား ဆိုး​စေ မလား ဆိုတာကို​တော့ ဘယ်သိနိုင်ပါ့မလဲ​​လေ။
   မြစ်ကြီးနားက ရန်ကုန်မသွားမီ တပ်ရင်းကို ခဏပြန်လာစဥ် ဗိုလ်​ဌေး ဝင်းနှင့်အတူ လက်ထပ်ခွင့်က ပါလာခြင်း ဖြစ်သည်။ သူငယ်ချင်း အ ရာရှိ တစ်​ယောက်က မိတ်ဆက်​ပေးလို့ နိုင်ငံ​တော်နှင့် သိခွင့်ရခဲ့သည်။ နိုင်ငံ​တော် က​တော့ သူ့မာယာလှည့်ကွက်အတိုင်း ကစားသည်။ ပိုက်ကွန်အတွင်းကို အသည်းစိမ်းကြီးက နင့်နင့်နဲနဲ တိုးဝင်လာသည်။

   နိုင်ငံ​တော် အ​ကြောင်းကို သိ​သော အရာရှိများက ဆုတ်တက်လှုပ်ရှား ကစား​နေသ​လောက် ဗိုလ်​ဌေးဝင်း မှာ​တော့ တစ်​ယောက်ဆို တစ် ​ယောက် ပိ​တောက်ဆို ပိ​တောက်ဖြစ်ကာ ရုံးတက် လက်မှတ်ထိုးသည့် အ ​ခြေအ​နေ အထိ ​ရောက်သွားသည်။

   ကျွန်​တော်​ရော ကို​အောင်မျိုးမြင့်ပါ လက်ထပ်ခွင့်ကိစ္စ ပြန်စဥ်းစားဖို့ ​ပြောဆိုတိုက်တွန်းကြသည်။ လက်ရှိအ​ခြေအ​နေမှာ​တော့ ဗိုလ်​ဌေးဝင်းကို ဒိန်းတလိန်းနတ်က ဖမ်းစားထား​လေပြီ။

   " ကျွန်​​​တော့်အမျိုးသမီးမှာ ဘာအပြစ် ရှိလို့လဲဗျာ" ဆို​သော သူ့​မေးခွန်း က ကျွန်​တော်တို့နှစ်​ယောက် ပြန်​ပြောလို့ မရ​အောင် ဆွံ့အသွား​စေသည်။

   ဗိုလ်​ဌေးဝင်း ရန်ကုန်စစ်​ရေးပြ သွားချိန်မှာ သူ့လက်ထပ်ခွင့် ကိစ္စ၏ အ​ခြေအ​နေ အရပ်ရပ်ကို ဆရာ့ထံ အ​သေးစိတ် တင်ပြကြသည်။ လူပျို ကြီး ဖြစ်​သော်လည်း အချစ်​ရေးကို မတားဆီးတတ်​သော ဆရာပင်လျင် အတန် ကြာ စဥ်းစား​နေသည်။

   " လူ​လေးတို့ ​ပြောသ​လောက်​ကော ​ဟုတ်ရဲ့လားကွာ၊ မိန်းက​လေး ဖက် က နစ်နာ​နေမယ်" ဟုပင် ​ပြော​လေသည်။ အရပ်ဖက် တရားရုံးတွင် လက် မှတ်ထိုးထားသည့် လက်ထပ်စာချုပ်ကလည်း ရှိ​နေလို့ ဒီလိုသုံးသပ်ခြင်း လည်းဖြစ်မည်။

   ကျွန်​တော်တို့က​တော့ ဗိုလ်​ဌေးဝင်း ရန်ကုန်က ပြန်လာသည်အထိ ​စောင့်ပြီးမှသာ ဆုံးဖြတ် ​ပေးပါရန် ဆရာ့အား ​​တောင်းဆိုမှု​ကြောင့် ဗိုလ် ​ဌေးဝင်း၏ လက်ထပ်ခွင့် ​လျှောက်လွှာကြီးသည် ဆရာ့ရုံးခန်းတွင် ​သောင် တင်​နေ​တော့သည်။

   ဗိုလ်​ဌေးဝင်း၏ ပြဿနာကို ဘယ်လိုကူညီပေးရလဲဟု စဥ်းစားနေ ကြ ချိန်မှာပင် အချိန်က ကုစားပေးလိုက်သည်။ စစ်ရေးပြကြီးပြီးလို့ မြစ်ကြီးနား ပြန်ရောက်ပြီး နောက်တစ်နေ့ ဗိုလ်ဌေးဝင်း သူ့ချစ်သူထံ သွားခဲ့သည်။ အံ့သြသွားစေရန် ကြိုတင်ပြောမထားဘဲ ချိန်းတွေ့နေကြ နေရာသို့ ရုတ်တ ရက် ဝင်သွားခဲ့သည်။ ဗိုလ်ဌေးဝင်းပင် အံ့သြသွားရ လေတော့သည်။

   နိုင်ငံတော်ခင်စိန်နှင့် အရာရှိတစ်ယောက်တို့ ကလူကျည်စယ် နေကြ သည်ကို မျက်မြင် တွေ့လိုက်ရသည်။ နိုင်ငံတော်ကတော့ ဗိုလ်ဌေးဝင်း ပြန်မ ရောက် လောက်သေးဘူး ထင်ပြီး သူ၏ အစားထိုးအချစ် မူဝါဒအတိုင်း အနားမှာ တစ်ယောက် ထားလိုက်ခြင်း ဖြစ်သော်လည်း ဒီက အသည်းရိုင်း ကြီးကတော့ အပိုင်းပိုင်း ကွဲသွားလေပြီ။ ဗိုလ်ဌေးဝင်း တပ်ကို ပြန်သည်အထိ နိုင်ငံ​တော်ကို သွားမတွေ့တော့။

36617, [04/05/2023 13:42]
ထုံးစံအတိုင်း ကွဲနေသည့် အသည်းကို အရက်နှင့်စိမ်သည်။ ကျွန်တော် တို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောသည်။ လက်ထပ်ခွင့်ကို ပြန်ရုတ် သိမ်းပေးဖို့ ဆရာ့ကို သတင်းပို့သည်။ အာရုံပြောင်းပြီး အသည်းကွဲ သက်သာ စေရန် သူကျွမ်းကျင်သော အလုပ်ဖြစ်သည့် ရှေ့တန်းစစ်မြေ ပြင်ကို လစာ ပေးအဖွဲ့ဖြင့် ပြန်ထည့်ပေးလိုက်သည်။

×××××

   ဗိုလ်ဌေးဝင်းကိစ္စ ရင်အေးရပြီထင်ပြီး သက်မမှ ချမည်မကြံသေး ပြ ဿနာက ဗိန်းမောင်းတီးပြီး ဝင်ချလာပြီ။ နိုင်ငံတော်ခင်စိန် ဗန်းမော်ကို ရောက်လာပြီး ဆိုသောသတင်းက ကန်ရေပြင်ပေါ်  ခဲလုံးကျသလို လှိုင်း ထ သွားသည်။

   တပ်ရင်းမှူး ရှေ့တန်းမှ ပြန်ဝင်လာပြီး နောက်တန်းတွင် ရှိမည့်အချိန်ကို စုံစမ်းပြီးမှ ရောက်လာခြင်း ဖြစ်သည်။ ဗိုလ်ဌေးဝင်း ရှေ့တန်းစခန်း တစ်ခု တွင် ကျန်နေခဲ့သည်ကပင် တော်သေးသည်ဟု ဆိုရမည်။

   ဒီသတင်းကို ကြိုပြောထားလို့ ဆရာလည်း အတွေ့မခံ။ ရုံးမှာ အချိန် ပြည့်နေသည်။ မှောင်မှ အိမ်ပြန်သည်။ နိုင်ငံတော်ကလည်း ဆရာ့ကို တွေ့ ရဖို့ အလစ်စောင့်နေသည်။ တစ်ပတ်လောက် အကြာတွင် နိုင်ငံတော်၏ အရိပ်အရောင် မတွေ့ရတော့လို့ စိတ်အေးသွားကြသည်။

   အမှန်တော့ နိုင်ငံတော်၏ လှည့်ကွက်ထဲ ဝင်မိသွားခြင်း ဖြစ်၏။

   တစ်နေ့..

   ဆရာရုံးမှ အိမ်သို့အပြန် ကျွန်တော်လည်း ကိစ္စတစ်ခုအတွက် အနီးမှ ပါလာသည်။ အိမ်ပေါ်တက်ပြီး ဧည့်ခန်းထဲ ဝင်လိုက်ချိန် ဆရာ့ခြေလှမ်းများ တန့်သွားသည်။

   နိုင်ငံတော်က ဧည့်ခန်းထဲမှာ ပိုင်စိုးပိုင်နင်းထိုင်လို့။ လက်ဖြောင့်ရဲဘော် တွေကို ဘယ်လိုစည်းရုံးပြီး ဝင်လာမှန်း မသိပေမဲ့ နိုင်ငံတော် ပြန်သွားလျင် လက်ဖြောင့်အဖွဲ့တော့ သက်သာမည်မဟုတ်။

   ဧည့်သည်အဖြစ် ရောက်နေမှတော့ ဧည့်သည်လို ဆက်ဆံရပေမည်။

   " ထိုင်ပါ လုံမလေး...ဘာအကူအညီ ပေးရမလဲ"

   ဆရာဝင်လာလို့ ထိုင်ခုံမှ ထရပ်နေသော သူမကို ထိုင်ခိုင်းလိုက်သည်။

   " ကျွန်မက ဗိုလ်ဌေးဝင်း ဇနီးပါ"

   " ဘယ်က ဗိုလ်ဌေးဝင်းလဲကွဲ့... ဒီတပ်ကဗိုလ်ဌေးဝင်းကတော့ လူပျိုပါ"

   သိသိကြီးနှင့် မသိသလို နေရတာ အတော်ဆိုးသည်။

   " ဒီတပ်က ဗိုလ်ဌေးဝင်းပါ၊ သူ လက်ထပ်ခွင့် တင်ထားတယ်လို့ ပြောပါ တယ်၊ ကျွန်မတို့က တရားရုံးမှာ လက်မှတ်ထိုးပြီးသားပါ"

   " ဒါဆို လုံမလေးကို ရှင်းပြဖို့ လိုမယ်ထင်တယ်၊ တပ်စည်းကမ်းတွေ မသိ သေးဖူးဘဲ၊ အရာရှိတစ်ယောက် မိန်းမယူမယ်ဆိုရင် သတ်မှတ်ထားတဲ့ အချက်အလက် အပြည့်အစုံနဲ့ တပ်ရင်းမှူးဆီ ခွင့်ပြုချက် တောင်းရတယ်... ခွင့်ပြုချက်ရမှ အပြင်တရားရုံးတွေမှာ လက်မှတ်ထိုး မင်္ဂလာအခန်းအနား လုပ်ရတာလေ... လုံမလေးက ပြောင်းပြန်ကြီး ဖြစ်နေတယ်.. နောက်ပြီး တော့ တပ်ရင်းမှူး ဆီကိုလည်း ဗိုလ်ဌေးဝင်းက လက်ထပ်ခွင့် တင်မထားဘူး ကွဲ့"

   နိုင်ငံတော်၏မျက်နှာ မဲခနဲ ဖြစ်သွားသည်။ စစ်ဗိုလ်ရည်းစားတွေ ထည် လဲတွဲလာပြီးမှ မအူမလည် ဗိုလ်ဌေးဝင်းကို အပိုင်သိမ်းတော့မည် ဆိုသည့် ရည်မှန်းချက် အလွဲမခံနိုင်။

   " ဒီတော့ ကျွန်မ ဘာလုပ်ရမလဲ"

   " ဗိုလ်ဌေးဝင်းနဲ့ တွေ့ပြီး တိုင်ပင်ကြပေါ့ကွယ်"

   နိုင်ငံတော်၏ မျက်လုံး အရောင်လက်သွား၏။ တပ်ရင်းမှူးက တွေ့ ခွင့် ပေးနေပြီပဲ။ တွေ့လို့ကတော့ စာချုပ်ပြပြီး အပိုင်လုပ်ရမည်ဟု ကြံစည် ထား သည်။

   " ဟုတ်တယ်...သူနဲ့တွေ့ရမယ်..သူ့ဆီသွားမယ်..အခုသူကဘယ်မှာလဲ ဟင်"

   ဆရာက မဲ့ပြုံးလေးနှင့် ပြောလိုက်သည်။

   "အာလောဘွမ် တပ်စခန်းမှာပါ..တောင်သုံးလုံး လောက်တော့ ကျော် ရလိမ့်မယ်...ဒီအထိ ရောက်အောင် လာပြီးမှတော့ လုံမလေး ရောက်အောင် သွားနိုင်မှာပါ"

   ဆရာ၏ စကားက နိုင်ငံတော်ကို ငိုင်သွားစေသည်။ ခနဲ့မှန်းမှ သိပါလေ စ။ အာလောဘွမ်ဆိုသော စခန်းရှိရာ တောင်တန်းကြီးတွေ ဖက်များ စိတ်မှန်း နှင့် ရော်ရမ်းနေပြီလား။

   " ဒါနဲ့...တပ်ရင်းမှူးက အိမ်ထောင်မရှိဘူးဆိုတာ သိမှာပေါ့၊ လူပျိုကြီး တစ်ယောက်ရဲ့ အိမ်ထဲမှာ ဒီလိုဝင်ထိုင် မနေသင့်ဘူး"

   နောက်မလာရဲအောင် ပြောနေပုံရသည်။

   " ကျွန်မကလည်း အပျိုပါပဲရှင့်"

   နိုင်ငံတော်တို့များ တစ်ခွန်းမကျန် ပြန်ပြောနေလိုက်တာ။ ခုပဲ ဗိုလ်ဌေး ဝင်း၏ ဇနီးပါဟု ပြောလိုက် ခုပဲ အပျိုလို့ ပြောလိုက်နှင့်။ သူ့ပုံစံ ကြည့်ရတာ ဆရာ၏ အာတာလွတ် မြို့စားကြီး ဒီဇိုင်းကို အနီးကပ် တွေ့ သွားပြီး ဗိုလ်က တော်ထက် တပ်ရင်းမှူးကတော်များ ဖြစ်ချင်နေပြီလား။

   ခဏနေတော့ နိုင်ငံတော့် လက်ထဲမှာ အထုပ်တစ်ထုပ်ကို တွေ့ လိုက်ရ သည်။ ခြင်းတောင်းထဲက ဆွဲထုတ်လိုက်ပုံရသည်။ ကချင်ပုဆိုးတစ်ကွင်း။

   စားပွဲပေါ်တင်ပြီး ဆရာ့အတွက် လက်ဆောင်ပေးနေသည်။ ဆရာက အထုပ်ကို ယူကြည့်ပြီး ကျွန်တော့်ကို လှမ်းခေါ်လိုက်သည်။

   " တပ်ထောက်ဗိုလ်ကြီးရေ... ဒီမှာ သော့ယူပြီး နံပါတ်၅သေတ္တာလေးကို ဖွင့်လိုက်ပါကွယ်၊ သေတ္တာထဲမှာ သူပေးလူပေး လာကန်တော့ထားတဲ့ ကချင် ပုဆိုး ၅ထည်လောက် ယူခဲ့ပါကွယ်"

   သော့ကိုယူပြီး နံပါတ်၅ သေတ္တာကို ဖွင့်လိုက်တော့ အထဲမှာ ကချင် ပုဆိုး အသစ်တွေ အများကြီး။ ဆိုင်တောင် ဖွင့်လို့ရသည်။ ဆရာပြောသလို ၅ထည်ကိုယူပြီး စားပွဲပေါ် တင်ပေးလိုက်သည်။


“ကဲ…လုံမလေးရေ..တွေ့တဲ့အတိုင်းပဲ၊ ကျုပ်ဆီမှာ ပုဆိုးတွေ အများ ကြီး ရှိတယ်ကွဲ့၊ လုံမလေးရဲ့ လက်ဆောင်ကို မယူပါရစေနဲ့၊ ပြန်ယူသွားပါ ကွယ်”

   ဆရာနှင့် နိုင်ငံတော်တို့၏ အားပြိုင်ပွဲတွင် နိုင်ငံတော်ခင်စိန် ရှုံးနိမ့် သွား ပါပြီ။ အရာရာစေ့စပ် စနစ်ကျပြီး ကပ်စေးနှဲသည်ဟု နာမည်ကြီးသော ဆရာ သမားကို ဒီတစ်ခါတော့ ချီးကျူးမိသည်။ တပည့်များ အတွက်ဆို ရှေ့က ရင်ဆိုင်သူပါလားလို့။
   ဗိုလ်ဌေးဝင်း၏ အချစ်ရေး ပြဿနာကို ဖြေရှင်းပေးသွားသူကတော့ စစ်မြေပြင်ပင် ဖြစ်တော့သည်။ ဗိုလ်ဌေးဝင်းတပ်စု နယ်မြေရှင်းလင်းစဥ် ရန်သူနှင့် တိုက်ပွဲဖြစ်ပါသည်။ 

ကေအိုင်အေမှာ အကျင့်ဆိုး တစ်ခုရှိသည်။ ၎င်းမှာ တိုက်ရည်ခိုက်ရည် ကောင်းသော အရာရှိများကို ဘယ်ခွင်ရောက်ရောက် လိုက်ချေမှုန်း တတ် ခြင်း ဖြစ်သည်။

   ဗိုလ်ဌေးဝင်းမှာလည်း သူတို့စာရင်းထဲ ပါသည်။ ဗိုလ်ဌေးဝင်း ရောက် သည့် နေရာတိုင်း တိုက်ပွဲဖြစ်လေ့ရှိသည်။ ယောယုံရန်ငြိုးက အတော်ကြီး ပုံရသည်။

   တိုက်ပွဲရလာဒ် ကောင်းသူများကို တိုက်ပွဲများမှာ သုံးကြသည်။ ပန်း နှင့် ပေါက်ကြတာ မဟုတ်တော့ သေမင်းတမန် ဗုံးဆန် ကျည်ဆန်များ ကြားတွင် ကျင်လည်ရသူများအဖို့ တစ်ချိန်ချိန် အမှားကြုံရလေသည်။ ပေးဆပ်မှုက အသက်ခန္ဓာပင်။

   ထိုတိုက်ပွဲတွင် ဗိုလ်ဌေးဝင်း ကျဆုံးသွားသည်။ စစ်မြေပြင်တွင် စစ်သား များ ပြောလေ့ရှိသော စကားရှိသည်။ အိမ်ထောင်သည် ယောက်ျား ရှေ့တန်း မှာ နဖူးကျည်ဆန်မှန်လျင် နောက်တန်းက ဇနီးဖြစ်သူ သစ္စာမရှိလို့ဟု ယူဆ ကြသည်။

   ဒါဆို ဗိုလ်ဌေးဝင်း ကျဆုံးမှုမှာလည်း တွေးစရာ ဖြစ်လာ၏။ ဒါတောင် ဗိုလ်ဌေးဝင်း၏ ပိုင်ဆိုင်မှု ခံစားခွင့်များကို လာရောက်တောင်းဆိုနေလို့ လုပ်ထုံးလုပ်နည်း စည်းကမ်းများဖြင့် ဆရာဖြေရှင်း ပေးလိုက်ရ သေးသည်။