အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။
ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးမည်ဖြစ်ကာ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃) သိန်းကျပ်အထိ၊ အခြားသီးနှံ (၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့အား (၁) သိန်းခွဲကျပ်အထိတိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း (၃,၀၀၀)အထိတစ်ကဏ္ဍ၊ ကျပ်သိန်း(၃,၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးတွင် အနီးစခန်းလေဆိပ်အ ဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သိုလှောင်ရုံများကို ဦးစားပေးတည်ဆောက်ခြင်း၊ ရထားလမ်းများအားလုံးကိုအဆင့်မြှင့်တင်ရာ၌ လတ်တလောတွင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန် -ပြည်လမ်းတို့အ ဆင့်မြှင့်တင်ခြင်း၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းရ ထားလမ်း၌ တံတားပြင်ဆင်ခြင်းများ၊ လမ်းပြင်ဆင်ခြင်းများ၊ ရထားစက်ခေါင်းများ၊ တွဲများ၊ စက်ရုံများအ ဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းစခန်းအသစ်(၂၇)ခုတိုးချဲ့၍ စခန်း(၉)ခု၌ 4 G LTE အဆင့်မြှင့်တင်ခြင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုလာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ ပညာ ရေးဝန်ကြီးဌာနမှ သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်များအဖြစ် Nay Pyi Taw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research and Activation များကိုရှေ့ပြေးတက္က သိုလ်များအဖြစ်သတ်မှတ်ဆောင်ရွက်ခြင်းတို့ကိုပြု လုပ်သွားမည်ဖြစ်သည်။
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်မှစ၍ အလယ်တန်းတန်းပညာအ ဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များထည့်သွင်းသင်ကြားပေးခြင်း၊ ပြည်သူ့နီတိနှင့် စာရိတ္တပညာရပ်များကို အခြေခံပညာကျောင်းများတွင် အဓိကအနေဖြင့် လူငယ်များအကျင့်စာရိတ္တမြင့်မားစေရေးအတွက် ထည့်သွင်းသင်ကြားပေးခြင်း၊ ဗလငါးတန်နှင့်ပြည့်ဝသည့် ကျောင်းများဖြစ်စေရန် အ ခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကို အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်း စပ်၍ ရက်ပေါင်း(၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့်ဆောင်ရွက်ခြင်း ၊ မူကြိုကျောင်းများကို အဆင့်မြှင့်တင်ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်း/ခရိုင်/မြို့ နယ်(၅၀)တွင် ဒု-ကျန်းမာရေးဦးစီးမှူးများခန့်အပ်၍ ကျန်းမာရေးမြှင့်တင်ခြင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တ လေးမြို့တို့ရှိ နှလုံးဆေးကုသရေးဌာနများတွင် လူနာတစ်သိန်းအတွက် နှလုံးရောဂါကာကွယ်ရေးအန္တရာယ် အကဲဖြတ်ပေးသည့် ဆေးကုသမှုများကို တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်းနှင့် ပြည်နယ်များရှိသူနာပြုကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အ ဆင့်မြှင့်တင်ခြင်၊ အခြားကဏ္ဍပေါင်းစုံတိုးတက်ရေးဆောင်ရွက်ခြင်းတို့ကိုလည်းပြုလုပ်သွားမည်ဖြစ် သည်။
ထို့အတူ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးကဏ္ဍများအပြင် သဘာဝဘေးအန္တရာယ်နှင့် ပဋိပ က္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အစိုးရအ ဆောက်အအုံ၊ လမ်း၊ တံတား၊ ဆက်သွယ်ရေးအခြေခံအဆောက်အဦများကို ပြန်လည်ထူထောင်ပေးသွားမည်ဖြစ်ကာ ငလျင်ကြောင့်ပျက်စီးသွားသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာအဆောက်အဦများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ဘဏ္ဍာငွေများကိုအလေ အလွင့်မရှိ ထိရောက်အကျိုးရှိအောင်စနစ်တကျသုံးစွဲရန် နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွက်ကောင်းအောင်ဆောင်ရွက်ရာ၌ တစ်ဦးချင်း၏ဖြတ်သန်းလာခဲ့သည့်အတွေ့အကြုံများပေါင်းစပ်၍ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် ဖော်ဆောင်ပေးနိုင်ရန်လိုကာ တိုင်းပြည်အတွက်ကောင်းအောင်ဆောင်ရွက်မည်ဟူသည့် စိတ်ဖြင့် ကြံ စည်လုပ်ကိုင်ဆောင်ရွက်ကြစေလိုပြီး ဖွံ့ဖြိုးမှုနောက် ကျနေသည့် ပြည်နယ်နှင့် တိုင်းများကိုဦးစားပေး၍ ထူ ထောင်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
