နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့ပြနှင့်ကျေးလက်ဒေသများ တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာငွေများနှင့် အရင်းအမြစ်များစွာသုံးစွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် CNF၊ CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန်နှင့် ၎င်းတို့စိတ်တိုင်းကျအုပ်ချုပ်နိုင်ရန်ရည်ရွယ်၍ဒေသကောင်းစားရေးဟု မက်လုံးများပေးကာ ဒေသခံပြည်သူများက ၎င်းတို့အပေါ်ထောက်ခံအားပေးလာစေရန် လုပ်ဆောင်ခဲ့ကြသော်လည်း အမှန်တကယ်တွင် မြို့၊ရွာများ၌ တိုက်ပွဲများဖော်ဆောင်ခဲ့သောကြောင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်သေကျေပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ရပြီး ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်များကို စွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ကြရကာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုစီးပွားဘဝများလည်း အဘက်ဘက်မှ နိမ့်ကျဆုံးရှုံးခဲ့ရသည်။ ထို့ပြင် NUG, CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံများဖြစ်သည့် CNF, CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်ချင်းပြည်နယ်၊ ထန်တလန်မြို့အား အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သာလွန်အင်အားများ၊ လက်နက်ကြီးများကို အဆမတန်အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိကအဆောက်အအုံများ၊…