နွား၊ မြင်း ၊သိုး/ဆိတ်၊ ဝက်တို့ စသည့် တိရစ္ဆာန်များ၏ ခန့်မှန်းကိုယ်အလေးချိန်ကို ပေကြိုး အသုံးပြု၍ တိုင်းတာ တွက်ချက်နိုင်သည်။ ပေကြိုးမှ လက္မ နှင့် စင်တီမီတာ အတိုင်းအတာများဖြင့် တိုင်းတာနည်းများ သုံးနိုင်သည်။
တိရစ္ဆာန်၏ ခန့်မှန်းကိုယ်အလေးချိန်သိမှသာ ဆေးတိုက်ကျွေးခြင်း၊ ဆေးထိုးပေးခြင်း နှင့် တခြားလိုအပ်ချက်များကို ဆောင်ရွက်ရာမှာ အသုံးဝင်မည် ဖြစ်ပါသည်။
(၁) နွား၊ သိုး/ဆိတ်တို့၏ကိုယ်အလေးချိန် တွက်ချက်ခြင်း
နည်းလမ်း (၁)
နွား၊ သိုး/ဆိတ်ခန့်မှန်း ကိုယ်အလေးချိန် = ကိုယ်လုံးပတ် အတိုင်းအတာ (လက္မ) × ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်အလျား အတိုင်းအတာ(လက္မ) ÷ ၃၀၀ = … ပေါင်
ဥပမာ နွား၊ သိုး/ဆိတ်၏ ရှေ့လက်နောက်ရှိ ကိုယ်လုံးပတ်နှင့် နွား၏ လက်ပြင်ရှေ့ မှ အမြံးရင်းအပေါ်ဘက်ထိ အလျားကို ပေးကြိုးဖြင့် လက္မ အတိုင်းအတာ ယူပါ။ အထက်ပါ ညီမျှခြင်းဖော်မြူလာဖြင့် တွက်ပါ။ ထွက်လာမယ့် အဖြေသည် နွား၏ ကိုယ်အလေးချိန်ကို ပေါင်(lb)ဖြင့် ရရှိပါမည်။ ပေါင်ဖြင့်ရလာတဲ့ အဖြေကို ကီလိုဂရမ်ပြောင်းလိုပါက ၂.၂ ဖြင့် ထပ်စားရပါမည်။
ဥပမာ တွက်ချက်ခြင်း
ကိုယ်အလေးချိန်. = ၄၀ × ၄၀ × ၅၅ ÷ ၃၀၀
= ၂၉၃ ပေါင်
= ၂၉၃ ÷ ၂.၂
= ၁၃၃ ကီလိုဂရမ် (Kg)
နည်းလမ်း (၂)
နွား၏ ခန့်မှန်းကိုယ်အလေးချိန်ကိုသာ တိုင်းတာရန်ဖြစ်သည်။
ဖော်ပြပါ ဇယားနှင့် အတူ ကြည့်ပြီး တိုင်းတာရန် ဖြစ်သည်။

တိုင်းတာနည်းမှာ နွား ၏ ရှေ့လက်နောက်ရှိ ကိုယ်လုံးပတ်ကို ပေကြိုး၏ စင်တီမီတာအတိုင်းအတာဖြင့် တိုင်းတာပြီး ဖော်ပြပါ ဇယားတွင် ကြည့်၍ ကိုယ်အလေးချိန်ကို သိနိုင်ပါတယ်။

(၂) မြင်း၏ ခန့်မှန်းကိုယ်အလေးချိန် တိုင်းတာခြင်း
မြင်း၏ ခန့်မှန်း ကိုယ်အလေးချိန် = ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်အလျား အတိုင်းအတာ(လက္မ) ÷ ၃၃၀ = … ပေါင်

(၃) ဝက်၏ ခန့်မှန်း ကိုယ်အလေးချိန် တွက်ချက်ခြင်း
ဝက်၏ ခန့်မှန်း ကိုယ်အလေးချိန် = ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်လုံးပတ် အတိုင်းအတာ(လက္မ) × ကိုယ်အလျား အတိုင်းအတာ(လက္မ) ÷ ၄၀၀ = … ပေါင်
ဥပမာ ဝက်၏ လက်နောက်ရှိ လုံးပတ်က ၂၅ လက္မ ရှိပြီး နားရွက်နောက်မှ အမြီးရင်းထိ ကိုယ်အလျားက ၃၂ လက္မ ရှိရင်…
ကိုယ်အလေးချိန်. = ၂၅ × ၂၅ × ၃၂ ÷ ၄၀၀
= ၅၀ ပေါင်
= ၅၀ ÷ ၂.၂
= ၂၂.၇ ကီလိုဂရမ် (Kg)

မှတ်ချက် >>>
တိရစ္ဆာန်၏ အနီးစပ်ဆုံး ခန့်မှန်းကိုယ်အလေးချိန်ကိုသာ ရရှိနိုင်ပါတယ်။
မျက်မြင်ခန့်မှန်းခြင်းထက်တော့ ပိုနီးစပ်ပါတယ်။
သိုးများကို တိုင်းတာပါက အမွှေးများကို သေချာ ဖိပြီးတိုင်းရပါမယ်။

