အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲဖွင့်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ၍ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ မေ ၁၄ ရက်မှ မေ ၁၈ ရက်အထိကျင်းပလျက်ရှိသည်။ ပြိုင်ပွဲအား မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှအားကစားသမားများပါဝင်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာအားကစားသမားများက မေ ၁၆ ရက်အထိ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ် (၅)ခုနှင့် ကြေးတံဆိပ်(၃)ခုရရှိပြီး…