နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုနယ်မြေ မိုင်းဖြတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကအောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။