
မြေပြင်အခြေအနေမှန်တွေကို လေ့လာကြည့်မယ်ဆိုရင်… ပုဏ္ဏားကျွန်းမြိုနယ်ကို တပ်မတော်က အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို၊ ငပြီးကျွန်းဘက်မှာလည်း တပ်မတော်ရဲ့ ဖိအားပေးမှုတွေ ကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ အပြင်းအထန် စိတ်ဓာတ်ကျဆင်းနေပြီး စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေပါပြီ။ ဒါတင်မကသေးပါဘူး… ကျင်ဒွေးမြိုကိုလည်း မကြာခင်မှာပဲ တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာတော့ အကြမ်းဖက်သောင်းကျန်းသူ AA ဟာ သူတိုနောက်ကွယ်က ပံ့ပိုးပေးနေတဲ့ ပြည်ပအခြေစိုက်မီဒီယာတွေကိုပဲ အားကိုးပြီး ပြည်သူတွေကို ဘက်ပေါင်းစုံကနေ စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်နေပါတယ်။ တစ်နေ့ကဆိုရင် စစ်တွေမြိုက ရွှေမင်းဂံရေတပ်နဲ့ တိုက်ပွဲပြင်းထန်နေ တယ်ဆိုပြီး လုပ်ကြံဖန်တီးကြတယ်။ အခုလည်း မကွေးတိုင်း၊ မင်းတုန်းမြိုနယ်၊ သဖန်ရောင်နဲ့ ကံကြိုးရွာ အနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်နေတယ်ဆိုပြီး အရင်က ရုပ်ပုံဟောင်းတွေကို ထုတ်သုံးကာ ဝါဒဖြန့်နေ ကြပြန်ပါပြီ။
စစ်ရေးကို နားလည်တတ်ကျွမ်းသူတိုင်း ဒါဟာ ရုန်းကန်နေရတဲ့ သောင်းကျန်းသူတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်မှုသက်သက်သာ ဖြစ်တယ်ဆိုတာ ကို ကောင်းကောင်း သတိထားမိကြပါတယ်။
ဒါကြောင့် ပြည်သူများအနေနဲ့ မမှန်မကန် လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတွေကို လုံးဝ(လုံးဝ) မစိုးရိမ်ကြဖိုနဲ့၊ ပြည်ဖျက်မီဒီယာတွေရဲ့ ဟောင်းနွမ်းနေတဲ့ ရုပ်ပုံတွေနဲ့ ဝါဒဖြန့်မှုတွေကို အထူးသတိထား စောင့်ကြည့်သင့်ပါတယ်။
