ယူကရိန်းအနေဖြင့် ဇီလန်စကီ၏နေရာကို အစားထိုးသင့်ဟု ထရမ့်ပြော

ယူကရိန်းနိုင်ငံအနေဖြင့် သမ္မတဇီလန်စကီ၏နေရာကို အစားထိုးသင့်ကြောင်း၊ဇီလန်စကီသည် ရုရှားနိုင်ငံနှင့်ငြိမ်းချမ်းရေးသဘောတူညီချက်များကို  ငြင်းပယ်ခဲ့သည့်အပြင်   ၎င်းကြောင့်ပင်   တစ်ကမ္ဘာလုံးဆိုင်ရာ ဒီဇယ်ဆီပြတ်လပ်မှုကိုဖြစ်ပွားစေခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၀ ရက်တွင် အိမ်ဖြူတော်ပြင်ပ၌ သတင်းထောက်များကိုပြောသည်။

“အခုအချိန်ကယူကရိန်းနိုင်ငံ အနေနဲ့သမ္မတအသစ် ကိုရွေးချယ်တင်မြှောက်ဖို့ အချိန်ရောက်နေပါပြီ။ အခုဖြစ်နေတဲ့စစ်ပွဲကိုဖြေရှင်းနိုင်ဖို့အတွက် သူ့အနေနဲ့အခွင့်အရေးအကြိမ်ကြိမ်ရခဲ့ပါတယ်။ တကယ့်ကိုအကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့သူက စစ်ပြေငြိမ်းဖို့လမ်းကြောင်းကို မရွေးချယ်ခဲ့ပါဘူး” ဟု ထရမ့်ကပြောသည်။

ထို့ပြင် ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံရှိရေနံချက်စက်ရုံများမှလွဲ၍ အခြားအရာများအပေါ် စိတ်တိုင်းကျလုပ်ဆောင်နိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးခဲ့သော်လည်း ဇီလန်စကီအနေဖြင့် အဆိုပါသတိပေးချက်ကိုလျစ်လျူရှုခဲ့ကြောင်း၊ ထိုသို့လျစ်လျူရှုခဲ့သည့်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာပြဿနာကိုသာ ဖြစ်စေခဲ့ခြင်းဖြစ်ကြောင်း၊  ဇီလန်စကီသည်  ကမ္ဘာကြီးအတွက် ပြဿနာများကိုသာဖန်တီးလိုသူဖြစ်ကြောင်း ထရမ့်ကပြောသည်။

ဇီလန်စကီ၏သမ္မတသက်တမ်းသည်၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း ထိုအချိန်မှစ၍ ရွေးကောက်ပွဲကျင်းပခြင်းမရှိဘဲ အာဏာကိုဆက်လက်ထိန်းချုပ်ထားခြင်းဖြစ်သောကြောင့် အမှန်တကယ် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုလက်မှတ်ထိုးရမည်ဆိုလျှင်ပင် ထိုးနိုင်မည်မဟုတ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကပြောထားသည်။Ref: RT

Leave a Reply

Your email address will not be published. Required fields are marked *