ထိုင်းအစိုးရက သတ်မှတ်အသက်မတိုင်မီ အငြိမ်းစားယူရေးအစီအစဉ်ရေးဆွဲနေ

ထိုင်းအစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများသတ်မှတ်အသက်မတိုင်မီ အငြိမ်းစားယူရေးအစီအစဉ်ကို ရေးဆွဲလျက်ရှိကြောင်းထိုင်းဒုတိယဝန်ကြီးချုပ် ပါကွန်နီပရာပန့်ကပြောသည်။ ယခုအစီအစဉ်ကို ရေးဆွဲရခြင်းသည် အစိုးရ၏အသုံးစရိတ်ကို လျှော့ချနိုင်ရေးအတွက်   လုပ်သားအင်အားကိုတစ်နှစ်လျှင် ၅ ရာခိုင်နှုန်းအထိ လျှော့ချသွားရန်ဖြစ်သည်ဟု ဒုတိယဝန်ကြီးချုပ်ကပြောသည်။

အဆိုပါအစီအစဉ်ကို ၂၀၂၇ ဘဏ္ဍာနှစ်မှစတင်သွားမည်ဖြစ်ပြီး အသက် ၅၀ နှင့်အထက် နိုင်ငံ့ဝန်ထမ်းများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ အလားတူအသက် ၄၀ နှင့်အထက်ရှိသည့် ဝန်ထမ်းများကိုလည်း ကျန်းမာရေးမကောင်းမှု သို့မဟုတ် ဆွေမျိုးများကို စောင့်ရှောက်ပေးရမှုတို့ရှိမည်ဆိုပါက သတ်မှတ်အသက်မတိုင်မီ   အငြိမ်းစားယူခွင့်ပြုသွားမည်ဖြစ်သည်။

ထိုသို့အငြိမ်းစားယူခိုင်းခြင်းအတွက်အစိုးရဘက်က ဝန်ထမ်းများ၏ တစ်နှစ်စာလစာကို နစ်နာကြေးအဖြစ်ပေးသွားမည်ဖြစ်သောကြောင့်ထိုအစီအစဉ်၏ပထမအဆင့်ကိုအကောင်အထည်ဖော်ရာတွင်ဘတ် ဘီလီယံကုန်ကျနိုင်သည်ဟုခန့်မှန်းထားကြောင်း ဒုတိယဝန်ကြီးချုပ်ကပြော သည်။

လက်ရှိအချိန်တွင် အစိုးရအသုံးစရိတ်သည် သတ်မှတ်ထားသည့်ပမာဏ၏ ၇၀ရာခိုင်နှုန်းအထိရောက်ရှိလာနေပြီဖြစ်ပြီးယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများကို သတ်မှတ်အသက်မတိုင်မီ အငြိမ်းစားယူခိုင်းခြင်းဖြင့်ပိုလျှံလာမည့်ငွေများကို  ထိုင်းနိုင်ငံ၏စီးပွားရေးတွင် မတော်တဆမှုတစ်ခုခုဖြစ်ပေါ်လာပါက သက်သာရာရရှိစေရန်အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း၊ လက်ရှိတွင်အဆိုပါအစီအစဉ်ရေးဆွဲမှုကို လက်စသတ်နေပြီဖြစ်ကြောင်း  သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *